A d v e r t i s e m e n t With Us

အန်အယ်လ်ဒီ ဦးဥာဏ်ဝင်း ဂျာနယ် ၂စောင် ကိုတရားစွဲ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ် ၂စောင်ကို  အရေးယူပေးဖို့ မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော်မှာ  ဒီကနေ့ မနက်က  လျှောက်ထားလိုက်ပြီလို့ သိရပါတယ်။ ဦးဥာဏ်ဝင်းကို ကြားဖြတ် ရွေးကောက်ပွဲ ကာလက ဆန္ဒမဲပြားတွေ ဖယောင်းသုတ် တယ်လို့ ပြောဆိုမှုနဲ့ ရွေးကောက်ပွဲကော်မရှင်က တရားစွဲထားတာကို ချေဖျက်ပေးဖို့ အမှုရင်ဆိုင်ဆဲမှာ ဦးဥာဏ်ဝင်းကို  တိုက်ခိုက်ထားတဲ့ ဆောင်းပါးဖော်ပြမှုနဲ့ Messenger နဲ့ ပြည်မြန်မာ ဂျာနယ်တွေကို တရားရုံး မထီမဲ့မြင်ပြုမှုနဲ့ အရေးယူပေးဖို့ တရားရုံးမှာ လျှောက်ထားလိုက်တာလို့ ဦးဥာဏ်ဝင်းရဲ့ အမှုလိုက်ပေးနေတဲ့ ရှေ့နေ ဦးကျော်ဟိုးက ပြောပါတယ်။ “ဒီနေ့ မနက် ၁၀ နာရီမှာ အမှု ၃ ခုနဲ့ ပတ်သက်လို့ လက်ခံဖို့ ပဏာမ လျှောက်လဲချက်ပေးတာပေါ့။ ပထမအမှုက ဦးဥာဏ်ဝင်းကို တရားစွဲထားတဲ့ ပုဒ်မ ၁၈၂ အမှုနဲ့ ပတ်သက်လို့ ချေဖျက်ပေးဖို့၊ သူတို့စွဲတာက ဥပဒေနဲ့မညီဘူး. တရားလိုက ကော်မရှင်ဥက္ကဋ္ဌ ဖြစ်ရမယ်။ အခုက ကော်မရှင်ကစွဲတာ မဟုတ်ဘဲ ကော်မရှင်လက်အောက်ခံ ရုံးအဖွဲ့က စွဲတာဖြစ်လို့ အမှုကို ချေဖျက်ပေးသင့်တယ်။ ကျန်တဲ့ ၂ မှုကတော့ မက်စင်ဂျာမှာပါတဲ့ ဆောင်းပါး ‘စာမဖတ်တဲ့ သတင်းစာဆရာ၊ ဒီမိုကရေစီဆိုတာမသိတဲ့ ဒီမိုကရေစီဘက်တော်သား’ ဆိုတာကို ပြည်မြန်မာမှာလည်းထည့်တယ်။ အဲဆောင်းပါးက အဓိက ဦးဥာဏ်ဝင်းကို ပုတ်ခတ်တိုက်ခိုက်ထားတာ၊ ဦးဥာဏ်ဝင်းမှာ အပြစ်ရှိတယ်ပေါ့။ ဒါဟာ အမှုက စစ်ဆေးဆဲ တရားရုံးကို မထီမဲ့မြင်ပြုတယ်ဆိုပြီး အရေးယူပေးဖို့ စွဲတဲ့အမှု။” ဒီအမှုတွေကို တရားရုံးက လက်ခံစစ်ဆေးဖို့ မွန်းလွဲပိုင်းမှာ အမိန့်ချမှတ် လိုက်ပြီး ဆောင်းပါးရှင်နဲ့ ဂျာနယ် ၂ စောင်က တာဝန်ရှိသူတွေကို တရားရုံးမှာ လာရောက် လျှောက်လဲထုချေဖို့ အကြောင်းကြားဖို့လည်း တရားရုံးက စီစဉ်နေပြီလို့ ရှေ့နေ  ဦးကျော်ဟိုးက ပြောပါတယ်။ ပြည်မြန်မာ ဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးဇင်ဟိန်းကတော့ အမှုကို ရင်ဆိုင်ခုခံချေပ သွားဖို့ ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။ “ဒါက သူ့အလုပ်သူလုပ်တာပေါ့နော် ကျနော်တို့လည်း ကြိုသိထားတဲ့အတွက် ခုခံချေပဖို့ ပြင်ဆင်ထားပါတယ်။ ဖြစ်လာတော့လည်း ကျနော်တို့မှာ တာဝန်ရှိတယ်၊ တာဝန်ယူဖြေရှင်းရမှာပေါ့။ ဘယ်လိုမှ သဘောမထားဘူး။ သူတို့လည်း မှားတယ်ထင်လို့ သူတို့ဘက်ကပေါ့နော်။ ကျနော်တို့ကလည်း ကျနော်တို့ဂျာနယ်ဘက်အရပေါ့။” ပြီးခဲ့တဲ့ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲမှာ  အန်အယ်လ်ဒီပါတီရဲ့ ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေး မန်နေဂျာ အဖြစ်တာဝန်ယူခဲ့တဲ့ ဦးဥာဏ်ဝင်းက ဆန္ဒမဲလက်မှတ်တွေမှာ ဖယောင်းသုတ်လိမ်းထားမှုတွေ ရှိနေတယ်လို့ မီဒီယာတွေကို ပြောကြားခဲ့တဲ့ အတွက်  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်  ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က  မမှန်သတင်းပေးပို့မှုနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up