DVB Logo
Home
မြန်မာသတင်း
အစိုးရနဲ့ကေအိုင်အိုအကြား အကြိုညှိနှိုင်းမှုမလုပ်နိုင်
DVB
·
October 29, 2012
အစိုးရနဲ့ကေအိုင်အိုအကြား အကြိုညှိနှိုင်းမှုမလုပ်နိုင်
Donate to DVB

တရုတ်နိုင်ငံ ရွှေလီမြို့မှာ အောက်တိုဘာ ၃၀ ရက်နေ့ တွေ့ဆုံကြမယ့် ကေအိုင်အိုနဲ့အစိုးရ အကြား ဆွေးနွေးပွဲအတွက် ဆွေးနွေးပွဲမှာပါဝင်မယ့် ဦးအောင်မင်းဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ် အမည်စာရင်းကို အစိုးရဘက်က ၄ ရက်လောက် ကြိုပေးပေမယ့် ကေအိုင်အို ဘက်က အောက်တိုဘာ ၂၉ ရက် ဒီနေ့ ညနေ ၅ နာရီကျော်လောက်မှ ပေးတယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင်တဦးက   ဒီဗွီဘီကို ပြောပါတယ်။

အစိုးရကိုယ်စားလှယ်တွေနဲ့ ကေအိုင်အိုကိုယ်စားလှယ်တွေဟာ ရွှေလီမြို့မှာ အောက်တိုဘာ ၃၀ ရက်နေ့ မနက်ပိုင်းတွေ့ဆုံဖို့ စီစဉ်ထားကြတာဖြစ်ပါတယ်။

[caption id="attachment_32463" align="alignright" width="300" caption="ဦးအောင်သောင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့နှင့် ပြီးခဲ့တဲ့ မတ်လအတွင်း ဆွေးနွေးခဲ့စဉ်က"][/caption]

အစိုးရဘက်က ကိုယ်စားလှယ်စာရင်းအရ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနဲ့ ၀န်ကြီး ၂ ဦး၊ ပြည်နယ်ဝန်ကြီးချုပ် ၂ ဦး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနဲ့ တိုင်းမှူး ၂ ဦး၊ စစ်ဘက်နဲ့ပြည်နယ် ၀န်ကြီးတွေ ပါဝင်လိုက်ပါသွားကြတယ်လို့ ဆိုပါတယ်။ ကေအိုင်အိုဘက်က ဆွေးနွေးပွဲတက်မယ့် အမည်စာရင်းထဲမှာ ဗိုလ်မှူးချုပ်ဂွမ်မော်တို့လို ဒုတိယစစ်ဦးစီးချုပ် အဆင့်မျိုးမပါဘဲ ဗဟိုကော်မတီဝင် တဦးနဲ့ ဗိုလ်မှူး ၆ ဦးလောက်ပါတယ်လို့ ဆိုပါတယ်။

ဒီနေ့ကတည်းက တရုတ်နိုင်ငံဘက်ခြမ်းကို ကူးပြီး အကြိုညှိနှိုင်းကြဖို့ အစိုးရကိုယ်စားလှယ်တွေ ဘက်က ပြင်ဆင်ထားပေမယ့် ကေအိုင်အိုဘက်က ဒီနေ့မရောက်ဘူးလို့ ဆိုတာကြောင့် တရုတ်ပြည်ဘက်အခြမ်းကို မကူးသေးဘဲ မူဆယ်မြို့မှာပဲ စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။

ဒီပြောကြားချက်တွေနဲ့ ပတ်သက်လို့ ကေအိုင်အိုဘက်ကို အကြိမ်ကြိမ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။

ကေအိုင်အိုနဲ့အစိုးရအကြား ဆွေးနွေးပွဲတွေမှာ အစိုးရဘက်က အပစ်ရပ် လက်မှတ်ထိုးဖို့ တောင်းဆိုသလို ကေအိုင်အိုဘက်က နိုင်ငံရေးဆွေးနွေးဖို့ တောင်းဆိုနေပြီး တပ်နေရာချထားရေးကိစ္စကို ဆွေးနွေးဖို့လည်း လိုလားနေပါတယ်။

၁၉၉၄ ခုနှစ်မှာ အပစ်ရပ်သဘောတူတဲ့ ကေအိုင်အိုကို နယ်ခြားတပ်အသွင်ပြောင်းဖို့နဲ့ လက်နက်ချဖို့ တပ်မတော်အစိုးရလက်ထက်က တောင်းဆိုမှုကြောင့် လက်မခံလို့ တိုက်ပွဲတွေဖြစ်နေတာ ၁ နှစ်ကျော်ရှိပြီး ဒုက္ခသည် ၁ သိန်းလောက် စစ်ရှောင်တိမ်းနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013