DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ်မြို့ဗလီကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်
DVB
·
October 29, 2012
Donate to DVB

ကရင်ပြည်နယ် ကော့ကရိတ်မြို့ တံတားဦးရပ်ကွက်က ဒါရ်ဂါ ဗလီကို အောက်တိုဘာ ၂၈ ရက်နေ့က အမည်မသိ ဆိုင်ကယ်စီးသမား ၂ ဦးက လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်တယ်လို့ သိရပါတယ်။

ည ၁၂ နာရီကျော်မှာ အမည်မသိ ဆိုင်ကယ်စီးသမား ၂ ဦးကနေ ဗလီဝင်းထဲကို လက်ပစ်ဗုံး ၂ လုံး ပစ်ခတ်ခဲ့ရာ  ဗလီဝင်းထဲက လက်ပစ်ဗုံးက မပေါက်ကွဲဘဲ ဗလီဝင်းရှေ့ ရေမြောင်းထဲကျတဲ့ ဗုံး ၁ လုံးကတော့ ပေါက်ကွဲခဲ့တယ်လို့ ဒါရ်ဂါ ဗလီနားက မျက်မြင်သက်သေက ဒီဗွီဘီကိုပြောပါတယ်။

“အဲလူ ၂ ယောက် ပစ်ချသွားတာ မြင်တယ်လေ။ မီးတွေပိတ်နေတော့ အ၀တ်အစားတွေ ဘာဝတ်လဲ သေချာမမြင်ရဘူး။ ဒီကလူတွေကတော့ ယမ်းနဲ့ဆိုတော့ သေချာမမြင်ဘူး. အရှေ့ကလူတွေပြောတာတော့ ဆိုင်ကယ်ဖင်လုံး အနီရောင်နဲ့တဲ့။ အပြင်မှာ ၁ လုံး၊ အတွင်းမှ ၁ လုံး ပစ်သွားတာ။ အပြင်ကပေါက်တယ်၊ အတွင်းက မပေါက်ဘူး။”

အဲဒီလို လက်ပစ်ဗုံးပစ်ခတ်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေကတော့ မရရှိပါဘူး။ လက်ပစ်ဗုံးအမျိုးအစားဟာ ဒေသခံတွေအခေါ်အရ မင်းဂွတ်သီး လက်ပစ်ဗုံးဖြစ် တယ်လို့ ပြောဆိုပြီး မပေါက်ကွဲတဲ့ လက်ပစ်ဗုံးကိုတော့ ရဲတပ်ဖွဲ့က သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။
ကော့ကရိတ်မြို့နယ် ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ ဗုံးပေါက်ကွဲ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းနေပါတယ်လို့ ဒီဗွီဘီကို ဖြေကြားပါတယ်။

ဒါရ်ဂါဗလီကို ရေနံဆီကုန်းဗလီလို့ ကော့ကရိတ်မြို့နယ်မှာ လူသိများပြီး မြို့ရဲ့ ဒုတိယအကြီးဆုံး ဗလီလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013