A d v e r t i s e m e n t With Us

ကော့သောင်းအကျဉ်းထောင်မှ အကျဉ်းသား ၁၇၄ ဦး လွတ်မြောက်

သမ္မတဦးဝင်းမြင့်ရဲ့ ဒုတိယအကြိမ် ပြစ်ဒဏ်လွှတ်ငြိမ်းချမ်းသာခွင့်နဲ့ ဧပြီ ၂၆ ရက်နေ့က ကော့သောင်းအကျဉ်းထောင်ကနေ အကျဉ်းသူအကျဉ်းသား ၁၇၄ ဦး လွတ်မြောက်လာပါတယ်။ လွတ်ငြိမ်းသက်သာခွင့်ရ အကျဉ်းသား/သူတွေကို ကော့သောင်းမြို့နယ်၊ ရဲတပ်ဖွဲ့စခန်းမှူးနဲ့ အကျဉ်းထောင်တာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေက ဆုံးမစကား ပြောကြားခဲ့ကြပြီး ထောင်လွှတ်လက်မှတ်နဲ့ ခရီးစရိတ်ငွေတွေ ပေးအပ်ခဲ့ပါတယ်။ ဒီတကြိမ် သမ္မတရဲ့ ဒုတိယအသုတ် ပြစ်ဒဏ်လွှတ် ငြိမ်းသက်သာခွင့်နဲ့ နိုင်ငံတ၀န်းအကျဉ်းထောင်တွေကနေ အကျဉ်းသား ၆၉၄၈ ဦး လွတ်မြောက်လာပါတယ်။

A d v e r t i s e m e n t With Us

More News
Up