A d v e r t i s e m e n t With Us

မုံးပေါ်ဒေသတွင် ကချင်လူမျိုးများ ပေါင်းစည်းခြင်း မနောပွဲတော်ကျင်းပ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့နယ်၊ မုံးပေါ်ဒေသ၊ မုံးပေါ်ကျေးရွာမှာ ကချင်းလူမျိုးတွေ စုစည်းပြီး ပေါင်းစည်းခြင်း မနောပွဲတော်ကျင်းပနေပါတယ်။ "ကချင်လူမျိုးနွယ်အပြင် ဒေသအတွင်းက လူမျိုးစုတွေ ပေါင်းစည်းရေးအတွက် ရည်ရွယ်ပြီး မနောပွဲကို ကျင်းပရတာဖြစ်ပါတယ်။" လို့ကြိုဆိုရေးတာဝန်ခံ လမုန်းထွယ်နော်က ပြောပါတယ်။ ပွဲတော်ကို ဧပြီလ ၂၃ ရက်နေ့ မနက်ကနေ ၂၅ ရက်နေ့ညထိ စည်စည်ကားကား ကျင်းပခဲ့တာဖြစ်ပါတယ်။ မနောပွဲမတိုင်ခင်ရက်ပိုင်းက မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ ဧပြီ ၂၀ ရက်နေ့ကနေ ၂၃ ရက်နေ့ထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဆက်လက်တိုက်ပွဲဖြစ်မှာကို  ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ "မနောပွဲစတဲ့ မနက်ထိ မုံးပေါ်ရွာကနေ ပစ်ခတ်သံတွေ အဆက်မပျက်ကြားနေရတယ်။ မနောပွဲ ကျင်းပတဲ့ရက်အတွင်းမှာတော့ ပစ်ခတ်သံတွေ ခဏရပ်နေတယ်။ ပွဲပြီးရင် တိုက်ပွဲ ပြန်ဖြစ်လာမှာကို စိုးရိမ်တယ်" လို့ မုံးပေါ်ရွာသားတဦးက ပြောပါတယ်။ မုံးပေါ်မှာ ကျင်းပတဲ့ ပေါင်းစည်းခြင်းမနောပွဲတော်ကို တရုတ်ပြည်ရွှေလီမြို့၊ ရန်ကုန်၊ မြစ်ကြီးနား၊ လားရှိုး၊ မူဆယ်နဲ့ အခြားမြို့တွေက ကချင်လူမျိုးတွေအပြင် ဒေသအတွင်းက တရုတ်၊ လီဆူ၊ ရှမ်း၊ ဗမာ၊ မြောင်ဇီးနဲ့ တအာင်း (ပလောင်) လူမျိုးတွေ လာရောက်ပါဝင်ခဲ့ပါတယ်။ ဓာတ်ပုံ- ခွန်ဇော်ဦး

A d v e r t i s e m e n t With Us

More News
Up