A d v e r t i s e m e n t With Us

ပရီးမီးယားလိဂ် တနှစ်တာ အကောင်းဆုံးအသင်းတွင် ပေါ့ဂ်ဘာ ပါဝင်

ဓာတ်ပုံ - Getty Images
PFA ပရီးမီးယားလိဂ် တနှစ်တာ အကောင်းဆုံးအသင်းမှာ မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာ အံ့အားသင့်ဖွယ် ပါဝင်လာပါတယ်။ ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အဖွဲ့အစည်း PFA က ရွေးချယ်ခဲ့တဲ့ ပရီးမီးယားလိဂ် တနှစ်တာ အကောင်းဆုံးအသင်းကို ၄-၃-၃ ကစားကွက်နဲ့ ရွေးချယ်ခဲ့တာပါ။ ဂိုးသမားနေရာမှာ မန်စီးတီးက အီဒါဆန်၊ နောက်တန်းမှာ လီဗာပူးက ရောဘတ်ဆန်၊ ဗန်ဒိုက်နဲ့ အာနိုး၊ မန်စီးတီးက လာပေါ်တေးတို့ ရွေးချယ်ခံခဲ့ရပါတယ်။ ကွင်းလယ်မှာတော့ မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာနဲ့အတူ မန်စီးတီးက ဖာနန်ဒင်ဟိုနဲ့ ဘာနာဒိုဆေးလ်ဗား၊ တိုက်စစ်မှာတော့ လီဗာပူးက မာနေး၊ မန်စီးတီးက အဂွေရိုနဲ့ စတာလင်တို့ ရွေးချယ်ခံခဲ့ရပါတယ်။ အကောင်းဆုံးအသင်းမှာ ချဲလ်ဆီးက ဟာဇက် မပါဝင်ခဲ့တဲ့အတွက်တော့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ တနှစ်တာအကောင်းဆုံး ကစားသမားဆုကိုတော့ လီဗာပူးနောက်ခံလူ ဗန်ဒိုက် ရရှိခဲ့ပြီး လူငယ် အကောင်းဆုံးကစားသမားဆုကိုတော့ မန်စီးတီးက စတာလင် ရယူနိုင်ခဲ့ပါတယ်။ PFA အကောင်းဆုံး ဆုချီးမြှင့်ပွဲကို သောကြာနေ့မှာ တရားဝင်ချီးမြှင့်မှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up