A d v e r t i s e m e n t With Us

ရွှေ့ပြောင်းအလုပ်သမားများ စီးလာသည့်ကားတိမ်းမှောက်၍ ၁ ဦးသေ၊ ၁၀ ဦးဒဏ်ရာရ

ထိုင်းနိုင်ငံ ဘက်ကောက်မြို့မှ မြန်မာ-ထိုင်းနယ်စပ် မဲဆောက်အပြန် ရွှေ့ပြောင်း အလုပ်သမားတွေ စီးလာတဲ့ အန်ဇာတုံးယာဉ်ဟာ ကန်ဖဲဖေ့ခရိုင် ကိုးစံဖီးမြို့ နယ် မိုင်တိုင် ၄၈၈ မှာ လမ်းဘေးသစ်ပင် ၀င်တိုက်တဲ့အတွက် ယာဉ်မောင်းဖြစ်သူ သေဆုံးပြီး ၁၀ ဦး  ဒဏ်ရာရရှိခဲ့လို့ ထိုင်းနာရေးအဖွဲ့က ဆေးရုံပို့ဆောင်ကုသပေးထားပါတယ်။ ဒဏ်ရာရသူတွေထဲက ၄ ဦးကိုတော့ အတွင်းနာအဖြစ် ကုသထားရပြီး ယာဉ်မောင်းကတော့ အခင်းဖြစ်နေရာမှာ သေဆုံးသွားတာပါ။ ကားပေါ်မှာ ယာဉ်မောင်းအပါအ၀င် ခရီးသည် ၁၁ ဦး လိုက်ပါလာတာဖြစ်ပြီး အသက်အာမခံ ထားရှိတဲ့ကားဖြစ်တာကြောင့် ကားပေါ်လိုက်ပါလာတဲ့ ခရီးသည်တွေ နစ်နာကြေးရရှိရေးအတွက် သံအရာရှိနဲ့ အလုပ်သမားအရေးလှုပ်ရှားနေတဲ့ အဖွဲ့တွေ ပူးပေါင်း လုပ်ပေးသွားမယ်လို့ သိရပါတယ်။ ဖိုးစီ

A d v e r t i s e m e n t With Us

More News
Up