ပရီးမီးယားလိဂ်ပွဲစဉ် ဝုဗ် ၃ – ၁ အာဆင်နယ် (ရုပ်သံ)
Published By
DVB | 25 April, 2019
1.4K
0
Share
0
Comment
0
Likes
မနေ့ကယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝုဗ်က အာဆင်နယ်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
အာဆင်နယ်ဟာ ဒီပွဲအနိုင်ရရင် အမှတ်ပေးဇယား အဆင့် ၄ နေရာကို တက်လှမ်းနိုင်မယ့် အခွင့်အရေး လက်လွတ်ခဲ့ရပါတယ်။
ဒီရာသီ တန်းတက်အသင်းတွေထဲမှာ အကောင်းဆုံးခြေစွမ်း ပြသနေတဲ့ ဝုဗ်အသင်းဟာ အိမ်ကွင်းပွဲစဉ်တွေမှာ အသင်းတိုင်းကို ဒုက္ခပေးနိုင်သလို အခုပွဲမှာလည်း ခြေစွမ်းပြပြီး အာဆင်နယ်ကို အနိုင်ယူနိုင်ခဲ့တာပါ။
အာဆင်နယ်အသင်းဟာ တိုက်စစ်မှာ လာကာဇက်တီနဲ့ အိုင်ဝိုဘီတို့ကို အသုံးပြုခဲ့ပြီး အိုဇေးလ်၊ မစ်ခီတာယန်း၊ ရှာခါ၊ တော်ရဲယားတို့နဲ့ ဝန်းရံခဲ့ပါတယ်။
ဒီပွဲမှာ ဧည့်သည် အာဆင်နယ်အသင်းက ဘောလုံးပိုင်ဆိုင်မှု ၇၁ ရာခိုင်နှုန်းအထိ ရယူနိုင်ခဲ့ပေမယ့် ထိုးဖောက်ကန်သွင်းခွင့်မှာတော့ အိမ်ရှင်အသင်းက အနည်းငယ် အသာရခဲ့ပါတယ်။
ဝုဗ်အတွက် အနိုင်ဂိုးတွေကို ပွဲချိန်ပထမပိုင်းမှာပဲ သွင်းယူခဲ့ပြီး ၂၈ မိနစ်မှာ နီဗက်စ်၊ ၃၇ မိနစ်မှာ ဒိုဟာတီနဲ့ ပထမပိုင်းမှာ ပြီးခါနီးမှာ ဂျိုတာတို့က သွင်းယူပေးခဲ့ပါတယ်။
အာဆင်နယ်အတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ပွဲချိန် မိနစ် ၈၀ မှာ ဆိုခရာတစ်က သွင်းယူပေးခဲ့ပါတယ်။
ဒီပွဲမှာ ဝုဗ်အတွက် အကောင်းဆုံး ခြေစွမ်းပြပြီး အဖွင့်ဂိုး သွင်းယူပေးခဲ့တဲ့ နီဗက်စ်ကို အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။
ဒီပွဲအနိုင်ရတဲ့ ဝုဗ်အသင်းက ရမှတ် ၅၁ မှတ်နဲ့ အဆင့် ၇ နေရာကို တက်လှမ်းနိုင်ခဲ့ပြီး အာဆင်နယ်ကတော့ ၆၆ မှတ်နဲ့ အဆင့် ၅ နေရာမှာ ဆက်လက်ရပ်တည်နေပါတယ်။