လစ်ဗျားမြို့တော် ထရီပိုလီအနီး တိုက်ပွဲများကြောင့် သေဆုံးသူ ၂၆၄ ဦးအထိ မြင့်တက်

လစ်ဗျားနိုင်ငံမြို့တော် ထရီပိုလီအနီး တိုက်ပွဲတွေစဖြစ်တဲ့ ဧပြီ ၅ ရက်နေ့ကတည်းက အခုချိန်အထိ သေဆုံးသူဟာ ၂၆၄ ယောက်အထိ မြင့်တက်လာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဧပြီ ၂၃ ရက်နေ့မှာ ပြောလိုက်ပါတယ်။ သေဆုံးသူတွေထဲမှာ အရပ်သား ၂၁ ယောက် ပါဝင်ပြီး ဒဏ်ရာရသူ ၁၂၆၆ ယောက် ရှိတယ်လို့ WHO ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ ဒါ့အပြင် အရပ်သား ၃၂၀၀၀ နေရပ်စွန့်ခွာခဲ့ရပြီး ဒုက္ခသည်နဲ့ ရွှေ့ပြောင်းလာသူ ၃၆၀၀ ကျော်ဟာ ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ဒါမှမဟုတ် ပဋိပက္ခတွေ ဖြစ်ခါနီး နေရာတွေက စခန်းတွေမှာ ပိတ်မိနေတာ ယုံကြည်ရတယ်လို့လည်း UNHCR ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ ဒါ့အပြင် ထရီပိုလီတောင်ပိုင်းမှာ ပဋိပက္ခတွေ ဆက်ဖြစ်နေတာကြောင့် လုံခြုံရေး အခြေအနေဟာ စိုးရိမ်ရဆဲဖြစ်တယ်လို့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ တပ်မှူး ခါလီဖာ ဟတ်ဖ်တာကို သစ္စာခံတဲ့ လစ်ဗျားအမျိုးသားတပ် (LNA) ဟာ မြို့တော် ထရီပိုလီကို ထိုးစစ်ဆင်နေပေမယ့် တောင်ပိုင်းခံစစ်ကို မထိုးဖောက်နိုင်သေးဘူးလို့ ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up