A d v e r t i s e m e n t With Us
ကေအိုင်အိုနှင့် အစိုးရ တရုတ်နယ်စပ် ရွှေလီမြို့တွင် တွေ့ဆုံမည်
တိုက်ပွဲတွေ နေ့စဉ်လို ဖြစ်ပွားနေတဲ့ ကေအိုင်အို (ကချင်လွတ်မြောက်ရေးအဖွဲ့) နဲ့ မြန်မာအစိုးရကြားမှာ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့ နှစ်ဘက်သဘောတူလိုက်ပါတယ်။ [caption id="attachment_25692" align="alignright" width="300" caption="ဦး​အောင်​သောင်း​ ဦး​ဆောင်သည့်​ ငြိမ်း​ချမ်း​ရေး​အဖွဲ့​နှင့်​ ပြီး​ခဲ့​တဲ့​ မတ်လအတွင်း​ ​ဆွေး​နွေး​ခဲ့​စဉ်က"][/caption] ဆွေးနွေးပွဲပြန်စဖို့ အစိုးရကိုယ်စားလှယ်ဘက်က အောက်တိုဘာလ ၁၀ ရက်နေ့မှာ စတင်ကမ်းလှမ်းခဲ့ပြီး ကေအိုင်အို ဗဟိုကော်မတီဝင် အစည်းအဝေးဆုံးဖြတ်ချက်အရ လာမယ့် အောက်တိုဘာ ၃၀ ရက်နေ့ တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့မှာ တွေ့ဆုံဖို့ အစိုးရကို အကြောင်းကြားခဲ့ပြီး အစိုးရဘက်ကလည်း သဘောတူကြောင်း မနေ့က ပြန်ကြားလာတယ်လို့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။ ဆွေးနွေးပွဲမှာ ပါဝင်မယ့် ၂ ဘက်ကိုယ်စားလှယ် အမည်စာရင်းကို မသိရသေးပေမယ့်လည်း  စစ်ဘက်ရေးရာမှာ ပါဝင်ဆုံးဖြတ်နိုင်မယ့် ပုဂ္ဂိုလ်တွေ ပါလာမယ်ဆိုရင် အခုတိုက်ပွဲဖြစ်နေတဲ့ စစ်ရေးအရှိန်တွေ လျှော့ချနိုင်ပြီး နိုင်ငံရေးဆွေးနွေးပွဲ တိုးတက်လာဖွယ်ရှိတယ်လို့ ဦးလမိုင်ဂွန်ဂျာက သုံးသပ်ပါတယ်။ အစိုးရတပ်က အလိုရှိတဲ့ နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့ကိစ္စ ကေအိုင်အိုက ငြင်းပယ်ခဲ့ပြီးတဲ့ နောက်ပိုင်း နှစ်ဘက်တပ်တွေကြားမှာ မနှစ်ဇွန်လကစပြီး တိုက်ပွဲအကြိမ်ပေါင်း ၁ ထောင်ကျော်ဖြစ်ပွားခဲ့ပါတယ်။ အပစ်ခတ်ရပ်ရေး၊ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးကိစ္စတွေ ဆွေးနွေးဖို့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်နဲ့ ကေအိုင်အိုကြား အလွတ်သဘောရော၊ တရားဝင်အနေနဲ့ပါ အနည်းဆုံး ၆  ကြိမ် ဆွေးနွေးခဲ့ပေမယ့် တိကျတဲ့ ဆုံးဖြတ်ချက်တွေ မရခဲ့ဘူးလို့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တွေက ပြောပါတယ်။
A d v e r t i s e m e n t With Us
More News
Up