အိန္ဒိယ မဲရုံတခုအနီး ပဋိပက္ခဖြစ်၊ လူ ၁ ဦး သေဆုံး

အိန္ဒိယနိုင်ငံအရှေ့ပိုင်း အနောက်ဘန်ဂေါပြည်နယ် မာရှီဒါဘတ်မြို့မှာ ဧပြီ ၂၃ ရက်နေ့က မဲရုံတခုအနီး ပဋိပက္ခတွေ ဖြစ်ပြီးနောက် လူတယောက် သေဆုံးခဲ့တယ်လို့ ဒေသမီဒီယာက အစီရင်ခံပါတယ်။ ANI သတင်းဌာန အဆိုအရ အဓိက အတိုက်အခံ ကွန်ဂရက်ပါတီက အလုပ်သမားတွေကို ဒေသခံ ထရီနာမူ ကွန်ဂရက်ပါတီက မဲပေးခွင့် တားဆီးပြီးနောက် ပါတီနှစ်ခုက အလုပ်သမားတွေအကြား ထိပ်တိုက်ဖြစ်မှု ပြင်းထန်လာတယ်လို့ သိရပါတယ်။ မြောက်ပိုင်း ဥတာပရာဒေ့ရှ်နဲ့ ကက်ရှ်မီးယားပြည်နယ်တွေမှာ ဖြစ်တဲ့ သီးခြားဖြစ်စဉ်တွေမှာတော့ ဂျမူးနဲ့ ကက်ရှ်မီးယား အမျိုးသားကွန်ဖရင့်က မဲရုံဝန်ထမ်းနဲ့ မဲရုံမှူးတွေကို တိုက်ခိုက်တာ မြင်တွေ့ရပါတယ်။ မာရှီဒါဘတ်မြို့ တခြားနေရာတခုမှာတော့ အမည်မသိ လူတယောက်က မဲရုံတခုအနီးကို လက်လုပ်ဗုံးတခု ပစ်သွင်းခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ သိရပါတယ်။ အိန္ဒိယ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခွင့်ရှိသူ သန်း ၉၀၀ ကျော်ရှိပြီး မဲရုံပေါင်း တသန်းရှိတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

More News
Up