A d v e r t i s e m e n t With Us

မြန်မာနိုင်ငံ အပူပိုင်းဒေသ ချောက်မြို့တွင် အပူရှောင် စခန်းများစတင်ဖွင့်လှစ်

အပူဒဏ်ကို ပြင်းထန်စွာခံစားနေရတဲ့ မကွေးတိုင်းဒေသကြီး ချောက်မြို့မှာ အပူရှောင် စခန်းတွေ ဒီကနေ့ ဧပြီ ၂၃ ရက်က  စတင်ဖွင့်လှစ်လိုက်တယ်လို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းဝင်းက ဒီဗွီဘီကို ပြောပါတယ်။ “ချောက်မြို့ရဲ့ အပူချိန်က ဒီလ ၁၉ ရက်နေ့လောက်ကစပြီး နောက်ပိုင်းအထိ အပူချိန်များလာတဲ့အတွက် မြို့နယ်မှာရှိတဲ့ သက်ကြီးရွယ်အိုတွေ၊ အသက်ငယ်တဲ့ ကလေးတွေ ကျန်းမာရေးစောင့်ရှောက်ဖို့ လိုနေတဲ့အတွက် မြို့နယ်က တာဝန်ရှိသူတွေ၊ ပရဟိတ အဖွဲ့တွေ နဲ့ တိုင်ပင်ပြီး  အပူရှောင်စခန်း ဖွင့်သင့်တယ်ဆိုပြီး ဖွင့်ဖြစ်တာဖြစ်ပါတယ်” လို့ ပြောပါတယ်။ အပူရှောင်စခန်းတွေကို မြို့ပေါ် ၁၅ နယ်မြေ ရပ်ကွက် အသီးသီးက ဓမ္မာရုံတွေ မှာ ဖွင့်လှစ်သွားမှာ ဖြစ်ပြီး အပူရှိန်ပြင်းထန်တဲ့အချိန် နေ့လယ် ၁၂ နာရီကနေ ညနေ ၅ နာရီအထိ ဖွင့်လှစ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ် မြို့နယ်ကုသရေးနဲ့ ကျန်းမာရေး၊ မိခင်နဲ့ ကလေးကျန်းမာရေးအဖွဲ့တွေ ပူးပေါင်းပြီး အပူရှောင်စခန်း ဖွင့်ထားတဲ့ နေရာတွေကို လည့်လှည်သွားလာပြီး စောင့်ရှောက် ကူညီသွားမယ်လို့ မြို့နယ်ကျန်းမာရေးမှူး အဆင့် (၁) ဦးလှိုင်မြင့်ဟန်က ပြောပါတယ်။ “ကျန်းမာရေးဌာနအနေနဲ့တော့ MOBILE TEAM လေးဖွဲ့ပြီး လှည့်ပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှုပေးမယ်၊ ထူးခြားတဲ့လူနာ၊ အပူဒဏ်ခံစားရတဲ့ လူနာ ရှိတယ်ဆိုရင်လည်း မနောဖြူတို့၊ ဥတ္တရ လူငယ်တို့ လူမှုရေးအဖွဲ့တွေကနေ ဆေးရုံတင်ပို့မယ်၊ ဆေးရုံကနေ လိုအပ်တဲ့ ကုသမှုတွေ ဆောင်ရွက်ပေး သွားမယ်” ချောက်မြို့နယ်မှာ အပူချိန်ဟာ ဧပြီ ၁၈ ရက်က  ၄၄ ဒီဂရီ စင်တီဂရိတ်မှ နောက်ပိုင်းရက်တွေမှာ ၄၆ ဒီဂရီစင်တီရိတ်အထိ မြင့်တက်လာကြောင်း ချောက်မြို့ မိုးလေဝသ စခန်းက သိရပါတယ်။ ကိုလင်း(​ချောက်​)

A d v e r t i s e m e n t With Us

More News
Up