ဘန်လေနှင့် ၂ ဂိုးစီသရေကျပြီး ချဲလ်ဆီး အမှတ်ပေးဇယား အဆင့် ၄ နေရာတက်လှမ်း (ရုပ်သံ)

ပရီးမီးယားလိဂ် ပွဲစဉ် ၃၅ အဖြစ် ချဲလ်ဆီးနဲ့ ဘန်လေတို့ မနေ့က ယှဉ်ပြိုင်ရာ တဖက် နှစ်ဂိုးစီ သရေကျသွားပါတယ်။ အိမ်ရှင် ချဲလ်ဆီးအသင်းဟာ ဟာဇက်၊ ဟီဂူအင်၊ အိုဒွိုင်း၊ လော့ဖ်တပ်စ်ချိခ်၊ ဂျော်ဂျင်ဟို၊ ကန်တေ စတဲ့ အဓိက ကစားသမားတွေနဲ့ ပွဲထွက်ခဲ့ပါတယ်။ ဘန်လေအသင်းကလည်း လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ တင်ကျန်နိုင်ရေး အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်ပြီး ရုန်းကန်ကစားခဲ့တဲ့အတွက် ချဲလ်ဆီးအသင်း အခက်တွေ့ခဲ့ရပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးအသင်းက ဘောလုံးပိုင်ဆိုင်မှုရော ထိုးဖောက် ကန်သွင်းခွင့်မှာပါ အပြတ်အသာရခဲ့ပေမယ့် အဖွင့်ဂိုးကိုတော့ ဘန်လေအသင်း ရသွားတာဖြစ်ပြီး ပွဲအစ ၈ မိနစ်မှာပဲ ဟန်းဒရစ်က သွင်းယူပေးခဲ့ပါတယ်။ ချဲလ်ဆီးအတွက် ၁၂ မိနစ်မှာ ကန်တေ၊ ၁၄ မိနစ်မှာ တိုက်စစ်မှူး ဟီဂူအင်တို့က နှစ်ဂိုးဆက်သွင်းပြီး ဦးဆောင်နိုင်ခဲ့ပေမယ့် ၂၄ မိနစ်မှာ ဘန်းစ်က ဘန်လေအတွက် ချေပဂိုး ပြန်သွင်းခဲ့လို့ ပထမပိုင်းအပြီးမှာကတည်းက နှစ်ဂိုးစီ သရေကျခဲ့ပါတယ်။ ပွဲချိန် ဒုတိယပိုင်းမှာတော့ တဖက်နဲ့တဖက် ဂိုးထပ်မသွင်းနိုင်ဘဲ ပထမပိုင်းသွင်းဂိုးတွေနဲ့ပဲ သရေကျသွားပါတယ်။ ဒီပွဲအနိုင်ရတဲ့ ချဲလ်ဆီးအသင်းက ရမှတ် ၆၇ မှတ်နဲ့ အာဆင်နယ်ရဲ့အထက် အဆင့် ၄ နေရာကို တက်လှမ်းနိုင်ခဲ့ပြီး ဘန်လေအသင်းက ရမှတ် ၄၀ နဲ့ အဆင့် ၁၅ နေရာမှာ ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up