A d v e r t i s e m e n t With Us

ဗြိတိန်ဘုရင်မကြီး၏ ၉၃ နှစ်မြောက် မွေးနေ့ပွဲ ကျင်းပ

ဗြိတိန်ဘုရင်မကြီး အဲလိဇဘတ်ဟာ ဧပြီ ၂၁ ရက်က ဝင်ဆာရဲတိုက်မှာ ကျင်းပတဲ့ ရိုးရာ အီစတာပွဲတော်ကို တက်ရောက်လာပြီး သူ့ရဲ့ ၉၃ နှစ်မြောက် မွေးနေ့ကို ကျင်းပခဲ့ပါတယ်။ ဘုရင်မကြီးနဲ့အတူ ဗြိတိန် တော်ဝင်မင်းသား ဟယ်ရီ၊ မင်းသား ဝီလျံနဲ့ သူ့ရဲ့ ကြင်ယာတော် ကိတ်တို့ တက်ရောက်လာခဲ့ကြပါတယ်။ ဒါပေမယ့် မင်းသားဟယ်ရီရဲ့ ပထမဆုံး တော်ဝင်ရင်သွေးလေး လွယ်ထားရပြီး ကိုယ်ဝန် နေ့စေ့လစေ့ဖြစ်နေတဲ့ ကြင်ယာတော် မီဂန်မာကယ်ကတော့ မတက်နိုင်ခဲ့ပါဘူး။ ဘုရင်မကြီး အဲလိဇဘတ်ကို ၁၉၂၆ ခုနှစ် ဧပြီ ၂၁ ရက်နေ့ လန်ဒန်မြို့လယ်ခေါင်က ဘရူတွန်လမ်းမှာ မွေးဖွားခဲ့တာပါ။ သူ့ကို အသက် ၂၅ နှစ်အရွယ် ၁၉၅၂ ခုနှစ်မှာ ဗြိတိန်ဘုရင်မရာထူး အပ်နှင်းခဲ့ရပြီး နန်းသက် ၆၇ နှစ်ကျော် ရှိပါပြီ။ ဘုရင်မကြီးဟာ နှစ်စဉ်နှစ်တိုင်း ဇွန်လမှာ တရားဝင် မွေးနေ့ပွဲ ပြုလုပ်လေ့ရှိပြီး လန်ဒန်မြို့တလျှောက် စစ်သားတွေချီတက်တဲ့ စစ်ရေးပြအခမ်းအနားနဲ့ ကျင်းပလေ့ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up