A d v e r t i s e m e n t With Us

သတင်းစာဆရာကြီး ဦးဝင်းတင် ကွယ်လွန်ခြင်း ငါးနှစ်ပြည့်အခမ်းအနား အမရပူရတွင် ကျင်းပ

ဝါရင့်သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ငါးနှစ်ပြည့် အထိမ်းအမှတ် အောက်မေ့ဖွယ်အခမ်းအနားကို မန္တလေးမြို့၊ အမရပူရမြို့နယ်၊ တောင်လေးလုံးကျောင်းတိုက်မှာ ဒီကနေ့မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီ ခေတ်ပြောင်းတော်လှန်ရေးကာလမှာ ပြည်သူဘက်ကနေ မားမားမတ်မတ် ရပ်တည်ခဲ့တာကို ဂုဏ်ပြုတဲ့အနေနဲ့ အောက်မေ့ဖွယ် အခမ်းအနားတွေကို ပြုလုပ်တာလို့ ဇာတိမာန် စာဖတ်အသင်းရဲ့ ဦးဆောင်သူ ဦးလှမင်းဦးက ပြောပါတယ်။ အဆိုပါ အခမ်းအနားကို မန္တလေး၊စစ်ကိုင်း၊ မုံရွာ၊ ရွှေဘိုနဲ့ ရေဦးမြို့တို့က စာရေးဆရာကြီးတွေ၊ ကဗျာဆရာကြီးတွေ၊ သတင်းစာဆရာတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူအချို့ တက်ရောက်ခဲ့ကြပြီး ဝါရင့်သတင်းစာဆရာကြီး မောင်သစ်လွင် (လူထု)နဲ့ ဦးသိန်းတန်(စာနယ်ဇင်း)တို့က အောက်မေ့ဖွယ်စကားတွေ ပြောကြားခဲ့ကြပါတယ်။ အခမ်းအနားမှာ ဝါရင့်သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ရေးဆွဲခဲ့တဲ့ ကာတွန်းတွေ၊ အမှတ်တရ ဓာတ်ပုံတွေနဲ့ ဆရာတည်းဖြတ်ထုတ်ဝေခဲ့တဲ့ စာအုပ်တွေကိုလည်း ပြသခဲ့ပါတယ်။ ဒါ့အပြင် တက်ရောက်ခဲ့ကြသူတွေကို ဇာတိမာန် ကလေးသတင်းစာတွေ၊မန္တလေး စာပေအသိုင်းအဝိုင်းက အမှတ်တရ စာအုပ်တွေနဲ့ ဦးဝင်းတင်ရဲ့ အကြောင်းနဲ့ ပတ်သက်တဲ့ VCD ခွေတွေကိုလည်း အမှတ်တရပေးဝေခဲ့ပါတယ်။ ဇာတိမာန်လူငယ်စာဖတ်အသင်းကနေ ဦးဆောင်ပြီး ဟံသာဝတီ ဦးဝင်းတင်ကွယ်လွန်ခြင်း အောက်မေ့ဖွယ် အခမ်းအနားတွေကို နှစ်စဉ်ကျင်းပခဲ့တာ လေးကြိမ်ရှိပြီလို့လည်း သိရပါတယ်။ ဝါရင့်သတင်းစာဆရာ၊ စာရေးဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ဟာ ၂၀၁၄ ခုနှစ် ဧပြီလ ၂၁ ရက်နေ့က ရန်ကုန်မြို့မှာ ကွယ်လွန်ခဲ့တာလည်း ဖြစ်ပါတယ်။ ထိန်ထိန်လင်း

A d v e r t i s e m e n t With Us

More News
Up