A d v e r t i s e m e n t With Us

ပြင်သစ်တွင် ဆန္ဒပြသူတချို့နှင့် ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ် ဖြစ်

ပြင်သစ်မြို့တော် ပါရီက ၂၃ ကြိမ်မြောက် စနေဆန္ဒပြပွဲမှာ ဆန္ဒပြသူတချို့နဲ့ ရဲတွေကြား ဧပြီ ၂၀ ရက်က ရုန့်ရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။ အဓိကရုဏ်း ဖန်တီးသူတွေဟာ ပြင်သစ်မြို့တော်မှာ အကြမ်းဖက်မှု မီးမွှေးဖို့ ပြန်လာနိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးအပြီးမှာ ခုလို ဖြစ်တာပါ။ အနက်ရောင် ခေါင်းစွပ်မျက်နှာဖုံးဝတ်ထားတဲ့ ဆန္ဒပြသူတွေက ပြင်သစ်မြို့တော်ရဲ့ အလယ်မှာ ရဲတွေကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြတာပါ။ အမှိုက်ပုံးတွေနဲ့ ဆိုင်ကယ်အသေးစား အတော်များများကိုလည်း မီးရှို့ခဲ့ကြပါတယ်။ ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့တွေ၊ မီးခိုးဗုံးတွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။ လူအုပ်ကို ထိန်းချုပ်ဖို့ တချို့အရာရှိတွေကလည်း ဆန္ဒပြသူတွေဆီ သွားခဲ့ကြပြီး ဆန္ဒပြခွင့်ပြုတဲ့ နေရာဆီ ခေါ်သွားခဲ့ကြပါတယ်။ လောင်စာခွန် တိုးမြှင့်မှုကို မကျေနပ်တဲ့ ပြည်သူတွေက နိုဝင်ဘာကစပြီး ဝတ်စုံဝါဝတ် ဆန္ဒပြပွဲကို စခဲ့ကြပါတယ်။ လောင်စာခွန် တိုးတာကို အမြန်ပယ်ဖျက်ပေးခဲ့ပေမယ့် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပိုကျယ်ပြန့်လာခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up