မြောက်ကိုရီးယား အချစ်ဇာတ်လမ်းကို တောင်ကိုရီးသားတွေ သဘောကျ
DVB
·
October 26, 2012
ပုံမှန်ဆိုရင် တောင်ကိုရီးယားသားက မြောက်ကိုရီးယား ရုပ်ရှင်တွေကို ကြည့်လေ့ မရှိပါဘူး။ ကြည့်ခွင့်လည်း ပေးမထားပါဘူး။ တောင်ကိုရီးယားရဲ့ အမျိုးသားလုံခြုံရေး ဥပဒေအရ မြောက်ကိုရီးယားကို ထောက်ခံတယ်လို့ ယူဆရတဲ့ ဘယ်လိုအရာမျိုးကိုမဆို ပိတ်ပင်ထားပါတယ်။
ဒါပေမယ့် မကြာခင်က ကျင်းပသွားတဲ့ တောင်ကိုရီးယားက ဘူဆန် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာတော့ ပရိသတ်တွေဟာ မြောက်ကိုရီးယား အချစ်အမြူး ရုပ်ရှင်တကားကို မြည်းခွင့်ရလိုက်ပါတယ်။ ဒီအကြောင်း သတင်းထောက် ဂျက်ဆန် စတွန်သာက ဘူဆန်ကနေ သတင်းဆောင်းပါး ပေးပို့ထားပါတယ်။