DVB Logo
Home
လွှတ်တော်/ဥပဒေရေးရာ
ပူတာအို ရိက္ခာပြတ်လပ်မှုပြဿနာ လွှတ်တော်တွင် ဆွေးနွေး
DVB
·
October 25, 2012
ပူတာအို ရိက္ခာပြတ်လပ်မှုပြဿနာ လွှတ်တော်တွင် ဆွေးနွေး
Donate to DVB

ဒီနေ့ ကျင်းပနေတဲ့ ပြည်သူလွှတ်တော်အစည်းအဝေးမှာ ကချင်ပြည်နယ် ပူတာအိုမြို့ ရိက္ခာ ပြတ်လပ်တဲ့ အကြောင်း ဆွေးနွေးခဲ့ပါတယ်။

ကချင်ပြည်နယ်မြောက်ဖျားပိုင်း ပူတာအိုမြို့နယ်မှာ စားနပ်ရိက္ခာ ပြတ်လပ်နေတဲ့ ပြဿနာကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းဇော်က အရေးပေါ်အဆိုဖြစ် တင်သွင်းခဲ့တာလို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ပြည်သူ့လွှတ်တော်အမတ်  ဦးစိုးဝင်းက ပြောပါတယ်။

“ဦးသိန်းဇော်က လက်ရှိ ပူတာအိုခရိုင်မှာ လူဦးရေနဲ့ လူတွေအတွက် အခုက လမ်းပန်းဆက်သွယ်ရေး သွားလို့ မရတဲ့အတွက် စားဝတ်နေရေး အတော်အဆင်မပြေဖြစ်နေတယ်။ ဆန်ဆိုရင် ဆန်တပြည်ကို ၄ ထောင်လောက်ထိတောင် ဖြစ်သွားတယ်။ အဲဒေသကို ကောင်းမွန်ဖို့၊ အားဖြည့်ဖို့ နိုင်ငံတော်က တည်ဆောက်ပေးဖို့၊ အရေးပေါ်လိုအပ်တဲ့ ဆက်သွယ်ရေးလမ်းကြောင်း တံတားတွေ ပြန်လုပ်ပေးဖို့။ အခုက တံတားတွေ အချိုးခံထားရတယ်လေ။ ပူတာအိုနေရာက လုံးဝကို ကားလမ်းက သွားလို့မရတော့ လေယာဉ်နဲ့ပဲသွားလို့ရတယ်။ ဒါတွေကို ပြန်လုပ်ပေးဖို့ပေါ့။”

ကချင်ပြည်နယ် ပူတာအိုမှာ ရာသီဥတုဘေးနဲ့ ပြည်တွင်းစစ်ပွဲတွေကြောင့် လမ်းပန်း ဆက်သွယ်ရေးတွေ ပြတ်တောက်နေပြီး ပြင်ပက စားနပ်ရိက္ခာတွေ တင်ပို့လို့ မရဘဲ  ဒေသခံတွေဟာ လအတန်ကြာကတည်းက ဆန်ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရ တာ ဖြစ်ပါတယ်။

မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းဇော်ရဲ့ အရေးပေါ်အဆိုကို ပြည်သူ့ လွှတ်တော်မှာ မှတ်တမ်းတင်ထားပြီး ကချင်ပြည်နယ်အတွင်းမှာ ငြိမ်းချမ်းရေးရဖို့ကိုလည်း ပူတာအိုမြို့နယ် လွှတ်တော်အမတ်က အဆိုတင်သွင်းသွားတာကို  ပြည်ထဲရေးက ဒု-၀န်ကြီး ရဲချုပ် ဦးကျော်ကျော်ထွန်းက ပြန်လည် ဖြေကြားခဲ့တယ်လို့ ဦးစိုးဝင်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013