Home
မြန်မာသတင်း
စင်ကာပူရောက် မွန်လူငယ်များစုပေါင်းပြီး မွန်ရိုးရာသင်္ကြန် ကျင်းပ
DVB
·
April 20, 2019
စင်ကာပူနိုင်ငံမှာ ဧပြီ ၁၉ ရက်နေ့က ပြည်ပရောက် မွန်လူငယ်တွေ စုပေါင်းပြီး မွန်ရိုးရာ သင်္ကြန်နဲ့ သက်ကြီးပူဇော်ပွဲကို ကျင်းပခဲ့ကြပါတယ်။ စင်ကာပူရောက် မွန်လူငယ်တွေ ဧပြီ တလလုံးရဲ့ တနင်္ဂနွေတွေမှာ သင်္ကြန်ကျင်းပပြီး Good Friday ပိတ်ရက်မှာလည်း မွန်သင်္ကြန် ကျင်းပတာလို့ စင်ကာပူရောက် မွန်အမျိုးသမီး တဦးက ပြောပါတယ်။ နှစ်စဉ်ကျင်းပလာတဲ့ ပြည်ပရောက် မွန်ရိုးရာသင်္ကြန်ပွဲတော်မှာ မွန်ဘာသာနဲ့ တေးသီချင်တွေလည်း သီဆိုကြပါတယ်။ စင်ကာပူရောက် မွန်တိုင်းရင်းသားတွေဟာ စင်ကာပူမှာ မွန်အမျိုးသားနေ့နဲ့ မွန်ရိုးရာသင်္ကြန် သက်ကြီးပူဇော်ပွဲ နှစ်ခုကို စုပေါင်းကျင်းပလေ့ရှိပြီး တခြား တိုပါရိုးသင်္ကြန်၊ ဆမ်ဘာဝမ်း သင်္ကြန်တွေကိုလည်း စင်ကာပူရောက် မြန်မာတွေ စုပေါင်းပြီး ကျင်းပနေကြပါတယ်။ မွန်အမျိုးသားနေ့က တပို့တွဲ လပြည့်ကျော် ၁ ရက် ဖြစ်ပြီး ခရစ်ပြက္ခဒိန်မှာတော့ တနှစ်နဲ့ တနှစ် မတူတာကို တွေ့ရပါတယ်။ ၂၀၁၉ မွန်ရိုးရာသင်္ကြန် (စန်းကရန်) နဲ့ သက်ကြီးပူဇော်ပွဲကိုတော့ စင်ကာပူနိုင်ငံ ဂျူရောင်းလမ်းမှာ ကျင်းပခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024