A d v e r t i s e m e n t With Us

ကချင်ရွာသား ၂ ဦးကို စစ်တပ် ဖမ်းဆီးခေါ်ဆောင်

ကချင်ပြည်နယ်  ကာမိုင်းမြို့နယ် နမ့်ဆီးအိမ်ရွာမှာ  တပ်မ ၈၈ လက်အောက်ခံ အစိုးရတပ်ဖွဲ့ဝင်တွေ ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့ ညပိုင်းက  ရွာထဲ ၀င်လာပြီး  ရွာသားတွေကို ရိုက်နှက် ဖမ်းဆီးကာ ဆယ်အိမ်မှူး ဦးနိုင်လင်းနဲ့ ရွာသား  ဦးလဗျောင်ကွန်းကို ဖမ်းဆီးသွားပါတယ်။ ဦးလဗျောင်ကွန်းရဲ့အိမ်မှာ နွားပျောက်တဲ့ကိစ္စတခုနဲ့ ပတ်သက်ပြီး အစည်းအဝေးလုပ်ဖို့ ပြင်နေစဉ် ဖမ်းဆီးသွားတာလို့လည်း ဦးလဗျောင်ကွန်းရဲ့ ညီမဖြစ်သူ အမျိုးသားဒီမိုကရေစီအင်အားစုပါတီက  ကချင်ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာက  ပြောပါတယ်။ “စစ်တပ်က ၀င်လာတော့ လူအချို့ကြောက်လန့်ပြီး ထွက်ပြေးကြတယ်။ ကျန်တဲ့သူ လူ ၄ ၅ ဦးကို ကေအိုင်အေလို့ စွပ်စွဲပြီး  ရိုက်နှက်ခဲ့တယ်။ အစိုးရတပ်ဖွဲ့ဝင်ပေါင်း ၆၀ လောက်ရှိပြီး ဦးလဗျောင်ကွန်းအိမ်ကို မွှေနှောက်ရှာဖွေခဲ့တယ်။ သေတ္တာထဲ ထည့်ထားတဲ့ စုစုပေါင်း ကျပ် ၁၅ သိန်း တန်ဖိုးရှိ ရွှေငွေလက်ဝတ်လက်စားတွေပါ သိမ်းယူသွားတယ်။” အစ်ကိုဖြစ်သူ ဖမ်းဆီးခံရတဲ့ကိစ္စ  ကချင်ပြည်နယ်ဝန်ကြီးချုပ်ဆီ စာရေးတိုင်တန်းဖို့ စီစဉ်နေကြောင်း၊ သက်ဆိုင်ရာက စုံစမ်းအရေးယူမှုတွေ မလုပ်ပေးဘူးဆိုရင် သမ္မတ ဦးသိန်းစိန်နဲ့ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေဆီ ဆက်လက်တိုင်ကြားပြီး  တရားဥပဒေအရ  အရေးဆိုသွားမယ် လို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up