ရုရှား စစ်ဘက်ထောက်လှမ်းရေး အဖွဲ့တဖွဲ့ကို ဖမ်းဆီးခဲ့ကြောင်း ယူကရိန်းလုံခြုံရေးအဖွဲ့ ပြော

ဓာတ်ပုံ - Reuters
ယူကရိန်းစစ်ဘက် သူလျှိုတယောက်ကို သတ်ဖို့ ကြိုးစားမှုနဲ့ ပတ်သက်ပြီး ရုရှား စစ်ဘက်ထောက်လှမ်းရေး အဖွဲ့တဖွဲ့ကို ဖမ်းဆီးခဲ့တယ်လို့ ယူကရိန်းလုံခြုံရေးအဖွဲ့ SBU က ဧပြီ ၁၇ ရက်မှာ ပြောပါတယ်။ ဧပြီ ၂၁ ရက်မှာ ကျင်းပမယ့် ယူကရိန်းသမ္မတ ရွေးကောက်ပွဲ အကြိုကာလမှာ အခုလို ဖမ်းဆီးခဲ့တာပါ။ ရုရှားဟာ ၂၀၁၄ ခုနှစ်က ယူကရိန်းပိုင် ခရိုင်းမီးယားဒေသကို ကျူးကျော်သိမ်းပိုက်ခဲ့ပြီး ယူကရိန်းအရှေ့ဘက်က ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေကိုလည်း ကူညီထောက်ပံ့ခဲ့ပါတယ်။ အဲဒါကြောင့် ရုရှား ထောက်လှမ်းရေးအဖွဲ့ကို ဖမ်းဆီးတာနဲ့ ပတ်သက်ပြီး ရုရှားအစိုးရနဲ့ ဘယ်လိုဖြေရှင်းမယ်ဆိုတာ ရွေးကောက်ပွဲမတိုင်ခင်ကာလမှာ အရေးပါတဲ့ ကိစ္စတခု ဖြစ်လာပါတယ်။ ရုရှား စစ်ဘက်ထောက်လှမ်းရေး အဖွဲ့ဝင် စုစုပေါင်း ၈ ယောက်ကို ဖမ်းဆီးခဲ့ပြီး သူတို့ဟာ  ရုရှားနိုင်ငံသား နှစ်ယောက်နဲ့ ယူကရိန်းနိုင်ငံသား ခြောက်ယောက် ဖြစ်တယ်လို့ SBU အဖွဲ့ အကြီးအကဲ ဗာစီလီ ဂရစ်ဆာက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ ယူကရိန်းနိုင်ငံမှာ ရုရှားထောက်လှမ်းရေးအဖွဲ့ ဖမ်းခံရတာနဲ့ ပတ်သက်ပြီး ရုရှားဘက်က မှတ်ချက်ပြုတာ မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up