ဆလားဗီးယားပရပ်ဂ်ကို အနိုင်ယူပြီး ချဲလ်ဆီး ယူရိုပါလိဂ် ဆီမီးဖိုင်နယ်တက် (ရုပ်သံ)
Published By
DVB | 19 April, 2019
1.5K
0
Share
0
Comment
0
Likes
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ချဲလ်ဆီးက အိမ်ကွင်းမှာ ဆလားဗီးယားပရပ်ဂ်ကို လေးဂိုး သုံးဂိုးနဲ့ အနိုင်ရသွားပါတယ်။
ချဲလ်ဆီးက ပထမအကျော့မှာ တဂိုး ဂိုးမရှိနဲ့ အနိုင်ရထားတဲ့အတွက် နှစ်ကျော့ပေါင်းရလဒ် ငါးဂိုး သုံးဂိုးနဲ့နိုင်ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားတာပါ။
ချဲလ်ဆီးအတွက် အနိုင်ဂိုး လေးဂိုးစလုံး ပထမပိုင်းမှာ သွင်းယူခဲ့ပြီး ပက်ဒရိုက နှစ်ဂိုး၊ ဂျရူးက တဂိုးနဲ့ တဖက်ကစားသမား ကိုယ့်ဂိုးကိုယ်သွင်းရာကနေ တဂိုး ရခဲ့တာပါ။
ဆလားဗီယားပရပ်ဂ်အတွက် ချေပဂိုးတွေကို ပထမပိုင်းမှာ တဂိုးနဲ့ ဒုတိယပိုင်းမှာ နှစ်ဂိုး သွင်းယူပါတယ်။
ဒီပွဲမှာ ချက်အသင်းက ချဲလ်ဆီးကို အပြန်အလှန် ထိုးဖောက်ကစားနိုင်ခဲ့ပါတယ်။
ချဲလ်ဆီးတိုက်စစ်မှူး ပက်ဒရို ဒီပွဲမှာ ခြေစွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရပါတယ်။
ဒီပွဲနိုင်တဲ့ ချဲလ်ဆီးက ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ဂျာမန်ကလပ် ဖရန့်ဖတ်နဲ့ မေ၂ ရက်နေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။