နာပိုလီကိုနိုင်ပြီး အာဆင်နယ် ယူရိုပါလိဂ် ဆီမီးဖိုင်နယ် တက်ရောက် (ရုပ်သံ)
Published By
DVB | 19 April, 2019
2.3K
0
Share
0
Comment
0
Likes
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ အာဆင်နယ်က နာပိုလီကို တဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး နောက်တဆင့်ကို တက်ရောက်သွားပါတယ်။
အာဆင်နယ်ဟာ ပထမအကျော့ အိမ်ကွင်းမှာတုန်းကလည်း နာပိုလီကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရထားတာပါ။
ဒါကြောင့် နှစ်ကျော့ပေါင်း ရလဒ် သုံးဂိုး ဂိုးမရှိနဲ့နိုင်ပြီး အာဆင်နယ် ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းသွားပါတယ်။
ဒီပွဲမှာ အိမ်ရှင် နာပိုလီက ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းအထိ အသာစီးယူနိုင်ပေမယ့် အာဆင်နယ်က ဂိုးကန်သွင်းခွင့် ပိုရခဲ့ပါတယ်။
အာဆင်နယ်အတွက် တလုံးတည်းသော အနိုင်ဂိုးကို ၃၆ မိနစ်မှာ တိုက်စစ်မှူး လာကာဇက်တီက ဖရီးကစ်ကနေ သွင်းယူပါတယ်။
ဒီပွဲမှာ ခြေစွမ်းပြနိုင်တဲ့ တိုက်စစ်မှူး လာကာဇက်တီ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံရပါတယ်။
အာဆင်နယ်ဟာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာ စပိန် လာလီဂါကလပ် ဗလင်စီယာနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။