DVB Logo
Home
မြန်မာသတင်း
ဒုက္ခသည်နေရပ်ပြန်ပို့ရေး ပြင်ဆင်ရန် ကုလသမဂ္ဂ တိုက်တွန်း
DVB
·
October 25, 2012
ဒုက္ခသည်နေရပ်ပြန်ပို့ရေး ပြင်ဆင်ရန် ကုလသမဂ္ဂ တိုက်တွန်း
Donate to DVB

ထိုင်း-မြန်မာ နယ်စပ်မှာ နေထိုင်တဲ့ ဒုက္ခသည် ၁ သိန်းကျော်ကို မြန်မာပြည် ပြန်ပို့ဖို့အတွက် စတင်ပြင်ဆင်မှုတွေ ပြုလုပ်ကြဖို့ သက်ဆိုင်ရာအဖွဲ့တွေကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာရ်) က တိုက်တွန်းလိုက်ပါတယ်။

ဒုက္ခသည်တွေ နေရပ်ပြန်လည်ပို့ဆောင်ဖို့အတွက် တရားရေး၊ လူမှုနိုင်ငံရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေး စတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးလုပ်ဆောင်ကြဖို့ လိုနေပြီလို့ ယူအန်အိပ်ခ်ျစီအာရ် ဒေသတွင်း ကိုယ်စားလှယ် ဂျိမ်စ်းလင့်ခ်ျက  ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ ပြောဆိုလိုက်တာပါ။

[caption id="attachment_20206" align="alignleft" width="300" caption="မယ်လဒုက္ခသည်စခန်း​"][/caption]

မြေမြှုပ်မိုင်းကိစ္စ၊ ဒုက္ခသည်တွေ နေရေးထိုင်ရေးနဲ့ သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး မရသေးတဲ့အကြောင်း ပြောပေမယ့်  ဒုက္ခသည်တွေဟာ အိမ်ပြန်ဖို့  ပထမဆုံးအကြိမ်အဖြစ် စဉ်းစားထားရမှာဖြစ်တယ်လို့ သူကဆိုပါတယ်။ ဒါပေမယ့်  ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ အခြေအနေတွေက အတည်တကျ မသတ်မှတ်ရသေးဘူးလို့ ဆိုပါတယ်။

ဒုက္ခသည်တွေအနေနဲ့ လာမယ့်နှစ် ပြည်တွင်းမှာ ပြန်လည်အခြေချနေထိုင်ဖို့ အဆင်သင့် ဖြစ်မှာ မဟုတ်ဘူးလို့ ကရင်ဒုက္ခသည်တွေ သောင်းနဲ့ချီနေထိုင်တဲ့ ထိုင်း-မြန်မာနယ်စပ်  မယ်လ ဒုက္ခသည်စခန်း ဥက္ကဋ္ဌ စောထွန်းထွန်းက ပြောပါတယ်။

“၃ နှစ်လောက်တော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရဦးမယ်။ အဲလိုမျိုး အစီအစဉ်တွေ စလုပ်နေပြီဆိုရင်တော့ ကျနော်တို့ လောလောဆယ် အနေအထားမှာ အခက်အခဲတွေ ရှိနိုင်တယ်။ အခက်အခဲတွေက သေချာပြင်ဆင်မှုမရှိဘူးဆိုတော့ ပြန်တဲ့အခါ ပြန်လည်နေရာချထားရေးနေရာတွေ အခက်အခဲရှိနိုင်တယ်။ ဥပမာ နေရာဒေသအတွက်၊ ကျန်းမာရေး၊ ပညာရေး၊ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိမှုတို့ ဒါတွေ အများကြီးလိုတယ်လေ။”

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာ လက်ရှိ ဒုက္ခသည် ၈ သောင်း ၄ ထောင်လောက် မှတ်ပုံတင်ထားပြီး ၆ သောင်း ၇ ထောင်ကတော့ မှတ်ပုံမတင်ရသေးပါဘူး။ ဒါ့အပြင် ၂၀၀၅ ခုက စတင်ပြီးတော့ ဒုက္ခသည် ၇ သောင်း ၈ ထောင် အမေရိကန်အပါအ၀င် တတိယနိုင်ငံတွေမှာ အခြေချနေထိုင်နေပြီ ဖြစ်ပါတယ်။

ယူအန်အိပ်ခ်ျစီအာရ်အနေနဲ့ ထိုင်း-မြန်မာအစိုးရတွေနဲ့ နောက်နှစ်မှာ ဒုက္ခသည်တွေ ပြန်လည် အခြေချနေထိုင်ဖို့အတွက် လိုအပ်ချက်တွေကို စတင်ဆောင်ရွက်နိုင်လိမ့်မယ်လို့ လင့်ခ်ျက ပြောပါ တယ်။

ရှေ့နှစ်မှာတော့ ထိုင်းအခြေစိုက် မဲ့ဖလင်းဖောင်ဒေးရှင်းက ရတ်ခ်ျဘူရီခရိုင်မှာရှိတဲ့  ထမ်ဟင်ဒုက္ခသည်စခန်းမှာ ဒုက္ခသည်တွေရဲ့ မူလဒေသနဲ့ ပညာအရည်အချင်းတွေကို စတင် စုဆောင်းဖို့ ရှိနေပါတယ်။

မြန်မာအာဏာပိုင်တွေကလည်း ထိုင်းကိုလာပြီးတော့ ဒုက္ခသည်ပြန်လည် အခြေချ နေထိုင်ဖို့ ကိစ္စတွေကို ဆွေးနွေးသင့်တဲ့အကြောင်းနဲ့ ပြန်လည်အခြေချနေထိုင်ရေးကိစ္စ အောင်မြင်ဖို့အတွက် ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးဟာ အရေးကြီးတယ်လို့ ယူအန်အိပ်ခ်ျစီအာရ် တာဝန်ရှိသူက ပြောတယ်။
မြန်မာနိုင်ငံမှာ  အလုပ်လက်မဲ့တွေ အလုပ်အကိုင်ရရှိဖို့ အထည်ချုပ်စက်ရုံတွေ တည်ဆောက်နေသလို ပြန်လာသူတွေ အတွက် နိုင်ငံသားကတ်ပြားတွေ ထုတ်ပေးနေကြောင်းနဲ့ ဒါဟာ စိတ်ဆန္ဒအလျောက် ပြန်လည်အခြေချနေထိုင်စေခြင်းသာ ဖြစ်တယ်လို့ ဂျိမ်စ်းလင့်ခ်ျက  ပြော ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013