A d v e r t i s e m e n t With Us

မြောက်ကိုရီးယား လေကြောင်းရန်ကာကွယ်ရေးတပ်များ၏ လေ့ကျင့်မှု ကင်ဂျုံအန်း စစ်ဆေး

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ကိုရီးယား ပြည်သူ့တပ်မတော်ရဲ့ လေတပ်နဲ့ လေကြောင်းရန်ကာကွယ်ရေး တပ်တွေရဲ့ လေ့ကျင့် ပျံသန်းတာကို စစ်ဆေးခဲ့တယ်လို့ အစိုးရမီဒီယာက ဧပြီ ၁၇ ရက်မှာ ကြေညာပါတယ်။ တိုက်လေယာဉ် ပျံသန်းလေ့ကျင့်နေတာကို ကင်က တခြား အဆင့်မြင့်အရာရှိတွေနဲ့အတူ ကြည့်နေပုံနဲ့ လေယာဉ်မှူးတွေနဲ့အတူ အုပ်စုဓာတ်ပုံ ရိုက်နေပုံတွေကို မြောက်ကိုရီးယား တရားဝင်မီဒီယာ ကေစီအန်အေက ဖြန့်ချိခဲ့ပါတယ်။ ဒါဟာ ကင်အနေနဲ့ မနှစ် နိုဝင်ဘာနောက်ပိုင်း စစ်ရေးလေ့ကျင့်မှုကို ပထမဆုံး စစ်ဆေးတာလည်း ဖြစ်ပါတယ်။ ဧပြီ ၁၆ ရက်မှာ တပ်ဖွဲ့ 1017 က တိုက်လေယာဉ်မှူးတွေ လေ့ကျင့်ခဲ့တာဖြစ်ပြီး ကင်နဲ့အတူ မြောက်ကိုရီးယား ပြည်သူ့လွှတ်တော်ရဲ့ နိုင်ငံရေးဆိုင်ရာ အမြဲတမ်းကော်မတီဥက္ကဋ္ဌ ချိုးယောင်ဟေးလည်း ပါတယ်လို့ ကေစီအန်အေက ပြောပါတယ်။ ကင်ဟာ အမေရိကန်ဘက်က သဘောထားအမှန်နဲ့ လာမယ်ဆိုရင် သူက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံဖို့ စိတ်ဝင်စားတယ်လို့ အရင်အပတ်က ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up