A d v e r t i s e m e n t With Us

ထိုင်းပင်လယ်ကွေ့တွင် မျောပါလာသည့် ခွေးကလေးကို  ရေနံတူးစင်ပေါ်က လုပ်သားများ ကယ်ဆယ် (ရုပ်သံ)

ထိုင်းပင်လယ်ကွေ့အတွင်း ကမ်းရိုးတန်းနဲ့ ကီလိုမီတာ ၂၂၀ အကွာ ပင်လယ်ထဲမှာ မျောပါလာလို့ ကယ်ခဲ့ရတဲ့ ခွေးတကောင်ကို ထိုင်း တိရစ္ဆာန် ကယ်ဆယ်ရေး အုပ်စု၊ တိမွေးကု ဆရာဝန်တွေနဲ့ တိရစ္ဆာန် ချစ်သူတွေက ဧပြီ ၁၅ရက်မှာ ကြိုဆိုလိုက်ပါတယ်။ ထိုင်းဘာသာနဲ့ ကယ်ဆယ်ခံလို့ အဓိပ္ပာယ်ရတဲ့ ဘွန်နော့ဒ် ဆိုတဲ့ နာမည်ကို အဲဒီခွေးလေးကို မှည့်ပေးခဲ့ပါတယ်။ ရေဓာတ်ခမ်းခြောက် ဆာလောင်နေတဲ့ ဘွန်နော့ဒ်ကို ရေနံတူးစင်ပေါ်က လုပ်သားတွေက ဧပြီ ၁၂ရက်မှာ တွေ့ပြီး ကယ်ခဲ့တာပါ။ အဲဒီနောက် ကျန်းမာရေး စစ်ဆေးဖို့ ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့ ကမ်းခြေဆီကို ခေါ်လာခဲ့ပါတယ်။ ဘွန်နော့ဒ်ဟာ ငါးသယ်လှေ တစီးစီးပေါ်ကနေ ပင်လယ်ထဲ ကျကျန်နေခဲ့တာလို့ လူအများက ယုံကြည်နေကြပြီး  ပိုင်ရှင်ကို ပြန်ရှာ မတွေ့ခဲ့ရင် ဘွန်နော့ဒ်ကို မွေးထားပြီး အိမ်ကိုခေါ်သွားမယ်လို့ ရှယ်ဗရွန် ရေနံရှာဖွေရေးအဖွဲ့ဝင် ဝိထိဆပ်ခ် ပါယာလော်က  ပြောတဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြပါတယ်။ ဓာတ်ပုံ -Viral Press

A d v e r t i s e m e n t With Us

More News
Up