ပဲရစ်မြို့က အထင်ကရ နိုထရီဒမ် ဘုရားကျောင်းကြီး မီးလောင်ပျက်စီး

1.7K
ပြင်သစ်နိုင်ငံ ပဲရစ်မြို့က အထင်ကရ နိုထရီဒမ် Notre Dame ဘုရားကျောင်းကြီးမှာ ဧပြီ ၁၅ က မီးလောင်မှုဖြစ်ပွားပြီး အကြီးအကျယ် ထိခိုက်ပျက်စီးသွားပါတယ်။
မနေ့ညနေပိုင်းက မီးစတင်လောင်ပြီးနောက် မီးတောက်ကြီးဟာ နှစ်ပေါင်း ၈၅၀ သက်တမ်း ရှိ ဘုရားကျောင်းရဲ့ ခေါင်မိုးကို ၀ါးမြိုခဲ့ပြီးနောက် မကြာခင်မှာပဲ ဘုရားကျောင်းရဲ့ ပင်မ မျှောင်စင်ကြီး တခုလုံး ပြိုကျပျက်စီးသွားခဲ့ရ ပါတယ်။
ဘုရားကျောင်းရဲ့ အဓိက ကိုယ်ထည် အဆောက်အဦပိုင်းကတော့ မီးဘေးက လွတ်ကင်းသွားပြီး ရာနဲ့ချီတဲ့ပြင်သစ် မီးသတ်သမားတွေဟာ ခေါင်းလောင်းမျှော်စင် ၂ခု မီးထဲ ပါမသွားအောင် ကြိုတင်ကာကွယ်နိုင်ခဲ့ပါတယ်။
ဘာသာရေး အမွေအနှစ်တွေနဲ့ တန်ဖိုးဖြတ်မရတဲ့ အနုပညာလက်ရာတွေကို ထိန်းသိမ်းကာကွယ်နိုင်ဖို့ မီးသတ်သမားတွေက ကြိုးစားမီးငြှိမ်းသတ်ကြရာမှာ မီးသတ်သမား တယောက် ကတော့ ဆိုးဆိုးရွားရွား ဒဏ်ရာရရှိသွားပါတယ်။
မီးလောင်ရာနေရာကို ပြင်သစ်သမ္မတ အီမန်နူရယ် မက်ခရွန်း လာရောက်ပြီး ကံဆိုးမိုးမှောင်ကျတဲ့ ဖြစ်ရပ်ဆိုးကြီးဖြစ်တယ်၊ ဘုရားကျောင်းကြီးကို အတူတကွ ပြန်တည်ဆောက်သွားမယ်၊ ဒါဟာ ပြင်သစ်နိုင်ငံ ကံကြမ္မာ တစိတ်တပိုင်းဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။
ဓာတ်ပုံ - Reuters