နိုင်ငံအရှေ့ဘက်ဒေသတွင် ယူကရိန်းစစ်တပ် လေကြောင်းစစ်ရေးလေ့ကျင့်

2.3K
ယူကရိန်းစစ်တပ်ဟာ ဧပြီလ ၁၃ ရက်နေ့က အက်ဇို့ပင်လယ်နဲ့ကပ်လျက်ရှိတဲ့ နိုင်ငံအရှေ့ဘက်ဒေသမှာ လေကြောင်း စစ်ရေး လေ့ကျင့်ခဲ့ပါတယ်။
သူပုန်တွေ သိမ်းပိုက်ထားတဲ့ ဒန်ညက်စ်မြို့ကနေ ၉၃ မိုင် လောက်အကွာမှာ ယူကရိန်း စစ်လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေ ပူးပေါင်း စစ်ရေးလေ့ကျင့်ခဲ့တာပါ။
ယူကရိန်းဟာ အက်ဇို့ပင်လယ်ပြင်မှာလည်း စစ်စခန်းတစ်ခု အခြေစိုက်ထားပါတယ်။ ဆိုးရွားလာတဲ့ ရုရှားနိုင်ငံရဲ့ ခြိမ်းခြောက်မှုရန်ကနေ ကာကွယ်ဖို့ အဲဒီစစ်စခန်းကို စစ်အင်အား အများအပြား စေလွှတ်ခဲ့တယ်လို့ ယူကရိန်းစစ်တပ် အကြီးအကဲတယောက်က ပြီးခဲ့တဲ့ အောက်တိုဘာလက ပြောခဲ့ပါတယ်။
ရုရှားဟာ ယူကရိန်းနိုင်ငံဆီကနေ ခရိုင်းမီးယားဒေသကို ကျူးကျော်သိမ်းပိုက်ခဲ့တဲ့ ၂၀၁၄ ကတည်းက နှစ်နိုင်ငံအကြား ဆက်ဆံရေးတင်းမာ ခဲ့ပါတယ်။
အဲဒီအချိန်က ယူကရိန်းစစ်သားတွေနဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေ အကြား ပဋိပက္ခတွေကြောင့် လူပေါင်း ၁၀၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။
ရုရှားဟာ ယူကရိန်း အရှေ့ဘက်ဒေသကို စစ်သည်တွေ စေလွှတ်ကူညီခဲ့တဲ့အပြင် လက်နက်ကြီးတွေလည်း ထောက်ပံ့ခဲ့တယ်လို့ ယူကရိန်းအစိုးရနဲ့ နေတိုးအဖွဲ့ဝင် နိုင်ငံတွေက စွပ်စွဲခဲ့ကြပါတယ်။ စွဲချက်တွေကို ရုရှားအစိုးရက ငြင်းဆိုထားပါတယ်။
ဓာတ်ပုံ-UNIAN