Home
မြန်မာသတင်း
ဇလုံတောင်တက် ဘုရားဖူးကားတိမ်းမှောက် ၃ ဦးသေဆုံး၊ ၁၇ ဦးဒဏ်ရာရ
DVB
·
April 15, 2019
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ ဇလုံတောင်တက်လမ်းမှာ ရန်ကုန်မြို့က ဘုရားဖူးတွေလိုက်ပါလာတဲ့ ဘုရားဖူးကားတစီး ဧပြီ ၁၄ ရက်နေ့က  တိမ်းမှောက်လို့ လူ ၃ ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရသွားတယ်လို့ ဗန်းမောက်ရဲစခန်းထံက သိရပါတယ်။ သင်္ကြန်အကျနေ့ ဧပြီ ၁၄ ရက် ညနေ၃နာရီခွဲလောက်က ယာဉ်မောင်း မြတ်လင်းမောင်းလာတဲ့ ဇလုံတောင်ကားအသင်းက ယာဉ်အမှတ် SGH/7I -3116 ကားဟာ ဇလုံတောင်အတက်လမ်း ကျောက်မဏ္ဍပ်အလွန် မျှော်တောင်အဆင်းနေရာမှာ ကားဘရိတ်ပေါက်ပြီး  အရှိန်မထိမ်းနိုင်ဘဲ လမ်းဘေးသို့ထိုးဆင်း တိမ်းမှောက်ခဲ့တာလို့ ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိပါတယ်။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းအပါအ၀င် ယာဉ်ပေါ်ပါလာတဲ့ ရန်ကုန်မြို့က ဘုရားဖူးတွေ အမျိုးသား၈ဦး၊ အမျိုးသမီး ၉ဦး စုစုပေါင်း ၁၇ ဦးဒဏ်ရာများရှိပြီး၊ ကျား၂ဦးနဲ့ မ ၁ဦး ပေါင်း၃ဦးတို့ကတော့သေဆုံးသွားပါတယ်။ ဒဏ်ရာရသူတွေထဲကလူနာ ၁၀ဦးကိုတော့ ဗန်းမောက်ဆေးရုံကနေ မန္တလေးဆးရုံကို လွဲပြောင်း ပို့ဆောင် ဆေးကုသမှုပေးထားပါတယ်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုနဲ့ ပတ်သက်ပြီး ယာဉ်မောင်းမြတ်လင်းကို ဗန်းမောက်ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၁၄-က/၃၃၇/၃၃၈နဲ့  အမှုဖွင့် အရေးယူထားပါတယ်။ သတင်း- မုန်းမုန်းမင်း ဓာတ်ပုံ- ချစ်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024