Home
မြန်မာသတင်း
‘၀’ဒေသ ငြိမ်းချမ်းရေးနှစ် ၃၀ ပြည့်ပွဲအတွက် စစ်ရေးပြ လေ့ကျင့်ပြင်ဆင်
အောင်သူ
·
April 14, 2019
‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့်အခမ်းအနားကို ဧပြီ ၁၅ရက်ကနေ ၁၇ရက်အထိ အထူးဒေသ ပန်ဆန်းမြို့မှာ ကျင်းပမှာဖြစ်လို့  ‘၀’လက်နက်ကိုင် တပ်ဖွဲ့တွေ ကြိုတင် စစ်ရေးပြ လေ့ကျင့်နေကြပါတယ်။ အဲဒီအခမ်းအနားမှာ စက်လက်နက်ပစ္စည်းတွေ၊  မောင်းသူမဲ့လေယာဉ်တွေ၊ လေကြောင်းရန်ကာကွယ်ရေး စစ်လက်နက်ပစ္စည်းတွေကိုလည်း ခင်းကျင်းပြသဖို့ရှိပါတယ်။ အခမ်းအနားကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက ကိုယ်စားလှယ်တွေ တက်ရောက်ဖို့ရှိသလို  အစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်မယ်လို့ သိရပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ထဲမှာရှိတဲ့ ‘ဝ’ တပ်မှူးတွေဟာ  ပုန်ကန် အာဏာသိမ်းပြီး ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)ကို တည်ထောင်ကာ  န၀တ စစ်အစိုးရနဲ့ ငြိမ်းချမ်းလက်မှတ်ထိုးခဲ့တဲ့ နှစ် ၃၀ ပြည့်မြောက်တော့မှာပါ။ အထူးဒေသ ၂လို့ခေါ်တဲ့ UWSA ထိန်းချုပ်ရာ ‘ဝ’ ဒေသဟာ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေထဲမှာ စစ်အင်အား အတောင့်တင်းဆုံးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အကျယ်ဆုံး ဒေသလည်းဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024