Home
မြန်မာသတင်း
ခေတ်သုံးခေတ်ကို ထင်ဟပ်သည့် ဝတ်စားဆင်ယင်မှုဖြင့် LGBTများ မန္တလေးသင်္ကြန်ပွဲဆင်နွှဲ
DVB
·
April 14, 2019
မန္တလေးမြို့က LGBT ယဉ်ကျေးမှုအဖွဲ့ဝင် ၁၀၀ လောက်ဟာ ခေတ်သုံးခေတ်ကို ထင်ဟပ်တဲ့ ဝတ်စားဆင်ယင်မှုတွေနဲ့  မန္တလေးမဟာသင်္ကြန်မှာ ပါဝင်ဆင်နွှဲ နေပါတယ်။ LGBT တွေကို မြို့နေလူထုက ပိုမိုလက်ခံလာစေဖို့နဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဝတ်အစားတွေကို သွယ်ဝိုက်တဲ့နည်းနဲ့ ထိန်းသိမ်းလာစေဖို့ ရည်ရွယ်ပြီး အခုလို ပါဝင်ဆင်နွှဲတာပါလို့ LGBT ယဉ်ကျေးမှုအဖွဲ့ (မန္တလေး) ဦးဆောင်လှုပ်ရှားသူ မစူးရှရှင်းသန့် က ဒီဗွီဘီကို ပြောပါတယ်။ မန္တလေး လမ်းလျှောက်သင်္ကြန်မှာ မြို့နေလူထုနဲ့ တသားတည်း ပူးပေါင်းပါဝင်ဆင်နွှဲ တာဖြစ်ပြီး  အခုနှစ်မှာ တတိယအကြိမ် ပါဝင်ဆင်နွှဲတာလို့ဆိုပါတယ်။ ဒီအဖွဲ့က ကုန်းဘောင်းခေတ်၊ စစ်ပြီးခေတ်၊ စစ်ကြိုခေတ် စတဲ့ ခေတ်သုံးခေတ် ဝတ်စားဆင်ယင်မှုတွေနဲ့ သင်္ကြန်အကြိုနေ့နဲ့ သင်္ကြန်အတက်နေ့တို့မှာ  (၂၆) လမ်းနဲ့ (၇၈) လမ်းထောင့်ကနေ လမ်းလျှောက်သင်္ကြန်ကို ပါဝင်ဆင်နွှဲမှာဖြစ်ပါတယ်။ LGBT  ယဉ်ကျေးမှုအဖွဲ့ဝင်တွေဟာ “မခွဲခြားဘဲ အတူဆင်နွှဲ မြန်မာ့ရိုးရာသင်္ကြန်ပွဲ၊ မူးရင် မမောင်းနဲ့ မောင်းရင်မမူးနဲ့၊  ရန်မဖြစ်ကြေးနော်၊ နှစ်သစ်မှာ ပျော်ရွှင်ပါစေ၊ ငြိမ်းချမ်းပါစေ မြန်မာပြည်၊ စည်းကမ်းမဲ့ အမှိုက်မပစ်နဲ့နော်၊ အမှတ်တရ ဓာတ်ပုံရိုက်ကြမယ်” စတဲ့ စာသားပါ ပိုစတာတွေ ကိုင်ဆောင် လှည့်လည်ပြီး အသိပညာပေး လှုပ်ရှားမှုကိုလည်း ပြုလုပ်ခဲ့တယ်။ သင်္ကြန်လည်ပတ်သူတွေ စည်းကမ်းတကျ အမှိုက်ပစ်ဖို့နဲ့ အမှိုက်ကောက်ဖို့ အသိပညာပေး အမှိုက်ကောက်ကမ်ပိန်းကိုလည်း ပြုလုပ်ခဲ့ပါတယ်။ သတင်း/ဓာတ်ပုံ - သော်တာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024