DVB Logo
Home
သတင်းတို
စစ်တွေမြို့တွင် ရခိုင်ကျောင်းသူကျောင်းသားများ ဆန္ဒပြ
DVB
·
October 24, 2012
စစ်တွေမြို့တွင် ရခိုင်ကျောင်းသူကျောင်းသားများ ဆန္ဒပြ
Donate to DVB

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရခိုင်ကျောင်းသားသမဂ္ဂက ဦးဆောင်ပြီး တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေ လုံခြုံစိတ်ချစွာ ပညာသင်ကြားနိုင်ရေး အပါအ၀င် အချက် ၅ ချက်ကို နိုင်ငံတော်သမ္မတထံ စာရေးတောင်းဆိုထားတာ အကြောင်းမပြန်တဲ့အတွက် ဒီနေ့ လမ်းလျှောက်ချီတက်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

စစ်တွေမြို့မှာ ရှိတဲ့ စစ်တွေတက္ကသိုလ်၊ ကွန်ပျုတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နဲ့ အဝေးသင်တက္ကသိုလ်တို့မှ ကျောင်းသား ၄၀၀ ကျော် ကျောင်းသား ဒီနေ့မနက် ၉ နာရီမှာ စစ်တွေမြို့ လောကနတ်စေတီကနေ စတင်ချီတက် ဆန္ဒပြနေကြတာဖြစ်ပါတယ်။

တောင်းဆိုချက်တွေကတော့ ရခိုင်ပြည်နယ်အတွင်း တက္ကသိုလ်အသီးသီးမှာ လိုအပ်နေတဲ့ သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းပေးဖို့။ အခု ဖွင့်လှစ်ဖို့ စီစဉ်နေတဲ့ တောင်ကုတ်ကောလိပ်ကို စီးပွားရေးတက္ကသိုလ်အဖြစ် ပြောင်းလဲဖွင့်လှစ်ပေးဖို့။ တက္ကသိုလ်ကျောင်းအနီးမှာ စိတ်ချရတဲ့ ကျောင်းသူ၊ ကျောင်းသား အဆောင်တွေ ဆောက်လုပ်ပေးဖို့နဲ့ ဈေးနှုန်းသက်သာတဲ့ ကျောင်းဖယ်ရီကားတွေ စီစဉ်ဆောင်ရွက်ပေးပါဖို့ စတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ဆန္ဒပြခဲ့ကြပါတယ်။

ရခိုင်ကျောင်းသားသမဂ္ဂက ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့ကတည်းက လိုအပ်ချက် ၅ ချက်အတွက် နိုင်ငံတော် သမ္မတထံ စာရေးသားပေးပို့တောင်းဆိုခဲ့တာလို့ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တဦးက ပြောပါတယ်။

“အစိုးရအနေနဲ့ ကျနော်တို့ ကျောင်းသူကျောင်းသားတွေရဲ့ လိုအပ်ချက်တွေကို ဘာမှ လုပ်ပေးတာမရှိပါဘူး။ လုံခြုံရေးတွေ အကူအညီ ခေါ်ပြီး ကျောင်းတွေ ပြန်ပြီး ဖွင့်လှစ်ခဲ့ပါတယ်။ ဒါပေမယ့် ပညာသင်ကြားရတဲ့ဟာက စစ်မြေပြင်ထဲမှာ ပညာသင်ကြားရသလို ဖြစ်နေပါတယ်။ အဲဒါတွေကြောင့်မို့ ကျနော်တို့ တောင်းဆိုရတာပါ။”

ဆန္ဒဖော်ထုတ်တဲ့ ကျောင်းသားတွေဟာ ရခိုင်ပြည်နယ် လွှတ်တော်ရုံးရှေ့မှာ တောင်းဆိုဖို့ စီစဉ်ခဲ့ပေမယ့် သက်ဆိုင်ရာက ခွင့်မပြုတဲ့အတွက် လောကနန္ဒာစေတီတော်မှ သတ္တဌာနလမ်းမကြီးအတိုင်း စီတန်းလှည့်လှယ်ပြီး ဦးဥတ္တမ ပန်းခြံ ဆရာတော်ဦးဥတ္တမ ရုပ်တုရှေ့မှာ ပန်းသူပန်းခွေချ ဦးညွတ်ပြီး ၁၁ နာရီလောက်မှာ လူစုခွဲခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013