DVB Logo
Home
မြန်မာသတင်း
မူးယစ်ဆေးနှိမ်နင်းရေး သုံးပွင့်ဆိုင် ဆွေးနွေးမည်
DVB
·
October 24, 2012
မူးယစ်ဆေးနှိမ်နင်းရေး သုံးပွင့်ဆိုင် ဆွေးနွေးမည်
Donate to DVB

ရှမ်းပြည်တပ်မတော်တောင်ပိုင်း (အက်စ်အက်စ်အေ/အာစီအက်စ်အက်စ်) အဖွဲ့၊ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂမူးယစ်ဆေးဝါး ရာဇ၀တ်မှုဆိုင်ရာရုံး ယူအန်အိုဒီစီ (UNODC) တို့ဟာ မူးယစ်ဆေးဝါး နှိမ်နင်းရေးကိစ္စအတွက် သုံးပွင့်ဆိုင်ဆွေးနွေးဖို့ ရှိတယ်လို့ ရှမ်းပြည် တပ်မတော်တောင်ပိုင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။

“မြန်မာနိုင်ငံအစိုးရနဲ့ ယူအန်အိုဒီစီတို့ ပူးပေါင်းပြီးတော့ မူးယစ်ဆေးဝါးနှိမ်နင်းရေးတွေ လုပ်ဆောင်သွားဖို့ ကျနော်တို့ တွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်။ ၃၊ ၄ ရက်အတွင်းမှာ တွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်၊ ရက်ကတော့ အတိအကျမသတ်မှတ်ရသေးပါဘူး။ ပြည်ထောင်စု အဆင့်ပါ။ မြန်မာနိုင်ငံရဲချုပ် ဒါမှမဟုတ် ဒု-ရဲချုပ်တွေပါမယ်။ ပြည်ထဲရေးဌာနက ဒု-၀န်ကြီးတို့ ပါမယ်လို့ ခန့်မှန်းထားပါတယ်။”

[caption id="attachment_32245" align="alignright" width="277" caption="ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၇ ရက်က ရှမ်းပြည်နယ် တာပူးကျေးရွာအနီး ဘိန်းစိုက်ခင်းတခုကို တာဝန်ရှိသူများ ဖျက်ဆီးနေစဉ် (ဓာတ်ပုံ - ရိုက်တာ)"][/caption]

ဆွေးနွေးပွဲမှာ ရှမ်းပြည်တပ်မတော်ဘက်က ဗိုလ်မှူးချုပ် စောပေါင်ခေးလ်က ဦးဆောင်ပြီး ရှမ်းမူးယစ်ဆေးဝါးနှိမ်နင်းရေး အဖွဲ့က တာဝန်ရှိသူတွေ၊ မြန်မာ အစိုးရဘက် က ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဝင်တွေ၊ ပြည်ထဲရေးနဲ့ ရဲတပ်ဖွဲ့ က အကြီးအကဲတွေ အပါအ၀င် ကုလသမဂ္ဂ တာဝန်ရှိသူတွေ ပါဝင်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အာဖဂန်နစ္စတန်နိုင်ငံပြီးရင် ဒုတိယ ဘိန်းစိုက်ပျိုး ထုတ်လုပ်တဲ့ နိုင်ငံအဖြစ် ယူအန်အိုဒီစီရဲ့ နှစ်စဉ် အစီရင်ခံစာတွေမှာ ဖော်ပြလေ့ရှိပြီး မြန်မာနိုင်ငံတွင်း ဘိန်းစိုက်ပျိုးမှုအများစုဟာ ရှမ်းပြည်နယ်မှာဖြစ်ပါတယ်။

အခုလို မူးယစ်ဆေးဝါး နှိမ်နင်းရေးကိစ္စ ဆက်လက်ဆောင်ရွက်ဖို့ကို အစိုးရနဲ့ အက်စ်အက်စ်အေ တောင်ပိုင်းအဖွဲ့ အကြား ပြီးခဲ့တဲ့ ဒုတိယ အကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013