Home
မြန်မာသတင်း
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း မီး​လောင်
DVB
·
April 13, 2019
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ နွားရုံတောင်နယ်ခြားစောင့်စခန်းမှာ ဧပြီ ၁၂ ရက်​​မွန်းလွဲ ၃ နာရီလောက်က မီးလောင်​မှုဖြစ်​ပွားခဲ့တယ်လို့ စံဂိုး​ထောင်​​ကျေးရွာအုပ်​စု အုပ်​ချုပ်​​ရေးမှူး စံထွန်း​ကျော်​က ​ပြောပါတယ်​။ "နယ်​ခြား​စောင့် စခန်းမီး​လောင်​တယ်​လို့​ ရွာသား​တွေဖုန်းဆက်​​ပြောလို့ သိရပါတယ်​။ ဘာ​ကြောင့် လောင်​တယ်​ဆိုတာ​တော့မသိပါဘူး။ ထင်းထားတဲ့ အ​ဆောင်​ တခုလုံးမီး​လောင်​သွား တာလို့သိရတယ်​။" လို့​ပြောကြားပါတယ်​။ နွားရုံတောင်ရွာဟာ စုံဂိုး​ထောင်​​ကျေးရွာအုပ်​စုထဲမှာပါဝင်ပြီး နွားရုံတောင် နယ်​ခြား​စောင့်စခန်းကတော့ ရွာရဲ့ ​အ​ရှေ့ဘက်​  ဘူးသီး​တောင်​- ရ​သေ့​တောင်​ကားလမ်း​ပေါ်မှာ တည်ရှိပါတယ်။ မီးလောင်မှုနဲ့ပတ်သက်ပြီး အမည်​မ​ဖော်​လိုတဲ့ မျက်​မြင် ​ကျေးရွာသားတဦးက "မီး​လောင်​တာနဲ့ စစ်​တပ်​နဲ့ နယ်​ခြား​စောင့် တပ်​သား အင်​အား ၁၂၀ ​လောက်​ ကျောက်​ရံအုပ်​စု ထိပ်​တူး​ပေါက်​​ကျေးရွာဘက်​ကို ထွက်​သွားကြပါတယ်​။ မီးသတ်​ကားလည်း မလာပါဘူး။ မီး​လောင်​တယ်​ဆိုရင်  သူတို့ မီးငြှိမ်းသတ်ရမယ့်တာဝန်​ရှိပါတယ်​"လို့​ပြောပါတယ်​။ မီးလောင်မှုကို မြင်တွေ့လိုက်ရတဲ့ ​နောက်​​ထပ် ရွာသားတဦးကတော့ “ထမင်းချက်​အ​ဆောင်​တဆောင်၊ မီးစက်​ထားတဲ့  အ​ဆောင်​တ ဆောင်နဲ့ အခြား အ​ဆောင်​တဆောင်ပါ ပါမီး​လောင်​​နေတာ​တွေရပါတယ်။ ည​နေ ၆နာရီအချိန်​အထိ ​နောက်​​ အ​ဆောင်​ ၂ ​ဆောင်​ကို ဆက်​လက်​မီးကူ​နေပါတယ်​” လို့ ပြောပါတယ်​။ မီးလောင်ရာနေရာကို ဘူးသီး​တောင်​မီးသတ်​ တပ်​ဖွဲ့တွေ လာ​ရောက်​ခြင်းမရှိသလို အာဏာပိုင်​တွေကလည်း လာ​ရောက်​ကြည့်ရှု မီးငြှိမ်းသတ်ခဲ့တာ မရှိဘူးလို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။ အဆိုပါ မီး​လောင်​မှုနဲ့ပတ်​သတ်​ပြီး ဘူးသီး​တောင်​မြို့နယ် အုပ်ချုပ်ရေးမှူး ဦး​ကျော်​မင်းထွန်းက​တော  စုံစမ်း​နေဆဲပဲလို့ ပြောပါတယ်​။ နွားရုံတာင်​​ကျေးရွာမှာ အိမ်​​ခြေ ၁၇၀ ရှိတဲ့အနက်  အိမ်​​ထောင်​စု ၇၀ လောက်ကတော့ ရွာမှာ လုံခြုံမှု မရှိ​တော့တဲ့ အတွက်​ ​​စေ​တောင်​စစ်​​ဘေး​ရှောင်​စခန်းကို ခိုလှုံသွားကြပြီလို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024