A d v e r t i s e m e n t With Us

မြောက်ကိုရီးယား၏ အမည်ခံ နိုင်ငံ့အကြီးအကဲသစ် ခန့်အပ်

မြောက်ကိုရီးယားဟာ နိုင်ငံရဲ့ အမည်ခံအကြီးအကဲသစ်ကို ခန့်အပ်လိုက်တယ်လို့  နိုင်ငံပိုင် မီဒီယာကနေ ကြေညာပါတယ်။ ဧပြီ ၁၁ ရက်က ပြုလုပ်တဲ့ လွှတ်တော် အစည်းအဝေးမှာ မြောက်ကိုရီးယား ပြည်သူ့လွှတ်တော် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ အဖြစ် ကင်မ်ယောင်နမ်နေရာမှာ  ချိုယောင်ဟဲကို ခန့်အပ်လိုက်တာပါ။ နိုင်ငံတကာဆက်ဆံရေးကိစ္စ အတော်များများမှာ နိုင်ငံကိုယ်စားပြုပြီး အရပ်ဘက်စီးပွါးရေး ဖွံဖြိုးတိုးတက်ရေးမှာ အက္ခရာကျတဲ့ ၀ါရင့်ခေါင်းဆောင် နှစ်ဦးနေရာမှာ အစားထိုး ခန့်အပ်လိုက် တာဖြစ်ပါတယ်။ အဲဒီရာထူးလက်ခံထားသူကို နိုင်ငံအကြီးအကဲအဖြစ် သတ်မှတ်ပြီး အဲဒီပုဂ္ဂိုလ်ဟာ သံတမန်အခမ်းအနားတွေမှာ နိုင်ငံကိုယ်စားပြု တက်ရောက်ရသူပါ။ ဒါပေမယ့် လည်း ကျွမ်းကျင်သူတွေက တကယ့်အာဏာ အစစ်အမှန်ဟာ ကင်မ်ဂျုံအွန်းလက်ထဲ စွဲမြဲစွာ ရှိဆဲဖြစ်တယ်လို့ ပြောကြပါတယ်။ ကင်မ်ဂျုံအွန်းကိုလည်း နိုင်ငံ့ရေးရာ ကော်မရှင် ဥက္ကဋ္ဌ အဖြစ် ထပ်မံ ရွေးကောက်တင်မြှောက်ခဲ့တယ်လို့ ကိုရီးယားရုပ်သံ  KCNA က ကြေညာပါတယ်။ ဓာတ်ပုံ-Korea Herald

A d v e r t i s e m e n t With Us

More News
Up