ဂင်းနစ်မှတ်တမ်းဝင်ခဲ့သည့် ခြောက်နှစ်အရွယ် တောင်အာဖရိက DJ သမားလေး (ရုပ်သံ)

အသက်အငယ်ဆုံး DJ သမားအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့တဲ့ ခြောက်နှစ်သား တောင်အာဖရိက DJ သမားလေး အာ့ခ်ျဟာ ဂျိုဟန်နစ္စဘတ်မြို့က လေဟာပြင် ဖျော်ဖြေပွဲတခုမှာ ပရိသတ်ကိုဖျော်ဖြေဖို့ အဆင်သင့်ဖြစ်နေပါတယ်။ သူဟာ ပရိသတ်တွေအတွက် ဂီတဖန်တီးပေးရတာကို နှစ်သက်သူဖြစ်ပြီး မကြာခဏဆိုသလို ကလေးပရိသတ်တွေကို ဖျော်ဖြေလေ့ရှိပါတယ်။ DJ သမားလေး အာ့ခ်ျက “သားအကြိုက်ဆုံးသီချင်းက ဟောက်စ်။ သားက လူတွေ ပျော်ရွှင်ကခုန်တာကို သဘောကျတယ်” လို့ ပြောပါတယ်။ အာ့ခ်ျရဲ့ ဖခင်ဖြစ်သူက “ကျေန်ာက အိမ်မှာ DJ အမြဲသုံးတယ်လေ။ သူကြီးလာတော့ ကျေနာ် DJ သုံးတာကို လာကြည့်ပြီး ကျေန်ာလုပ်သလို ပုံတူကူးတော့တာပဲ။ နောက်တော့ ကျနော် အိမ်မှာရိုက်ထားတဲ့ ဗွီဒီယိုဖိုင်က အွန်လိုင်းမှာပြန့်သွားပြီး လူတွေက ဟေ့ ဒီကလေးမှာ talent ရှိတယ်။ ခင်ဗျား တခုခုလုပ်ရမယ်ဆိုပြီး ပြောကြတယ်။ ဒါနဲ့ပဲ တောင်အာဖရိက Got Talent ရှိုးမှာ သားကို ဝင်ပြိုင်ဖို့ ပြောကြတယ်။ ကျေန်ာတို့ ဝင်ပြိုင်တော့ ဆုရခဲ့တယ်။ အဲဒီကတည်းကစပြီး သားဟာ နာမည်ကြီးလာတယ်ပေါ့။ အခုဆိုရင် စူပါစတားလေးပေါ့။ ဟုတ်လား AJ” လို့ ပြောပါတယ်။ DJ အာ့ခ်ျဟာ ၂၀၁၅ ခုနှစ်က တောင်အာဖရိက Got Talent ပြိုင်ပွဲမှာ ဆုရခဲ့ပြီး အဲဒီတုန်းက သူဟာ အသက် ၃ နှစ်အရွယ်သာ ရှိပါသေးတယ်။ အဲဒီပြိုင်ပွဲကနေ သူဟာ ကျော်ကြားလာခဲ့ပြီးနောက် ၂၀၁၉ ခုနှစ် ဇန်နဝါရီလကလည်း DJ အာ့ခ်ျဟာ America's Got Talent The Champions ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကို ရခဲ့ပါတယ်။ ခြောက်နှစ်သားလေး DJ အာ့ခ်ျဟာ ကမ္ဘာ့ဂင်းနစ်မှတ်တမ်းဝင် အသက်အငယ်ဆုံး DJ သမားဆု အပါအဝင် ဆုအမျိုးမျိုးကို ပိုင်ဆိုင်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up