A d v e r t i s e m e n t With Us

ဟောင်းနွမ်း နိုင်ငံခြားငွေစက္ကူများ လဲလှယ်ခွင့်မရသေး

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကနေ ဟောင်းနွမ်း ဒေါ်လာငွေစက္ကူတွေကို လက်ခံ လဲလှယ်ပေးဖို့ ငွေလဲလှယ်ခွင့်ရတဲ့ ပုဂ္ဂလိကဘဏ်တွေကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့က ညွှန်ကြားထားပေမယ့် ဒီနေ့အချိန်အထိ လဲလှယ်ပေးခြင်း မရှိဘူးလို့ သိရပါတယ်။ ပုဂ္ဂလိကဘဏ်တွေရဲ့ ငွေလဲကောင်တာ အများဆုံးရှိတဲ့ သိမ်ဖြူလမ်း ငွေလဲကောင်တာတွေမှာ စုံစမ်းကြည့်ရာ ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက် ရောက်မလာသေးတဲ့ အတွက် ဟောင်းနွမ်း ဒေါ်လာတွေ လက်မခံတာလို့ မြန်မာ့စက်မှုဖွံ့ဖြိုးမှုဘဏ် ဒေါ်လာ လက်ခံကောင်တာက ပြောပါတယ်။ ဒါ့အပြင် ဗဟိုဘဏ်ကနေ လူတဦးကို ဒေါ်လာ ၁ သောင်းအထိ လဲလှယ်ခွင့်ပေးဖို့ ခွင့်ပြုထားပေမယ့် ငွေလဲကောင်တာ အများစုက လူတဦးကို ဒေါ်လာ ၁၀၀ ကနေ ၂၀၀ အထိပဲ လဲလှယ်ပေးနေတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up