Home
ရုပျသံ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)
DVB
·
April 11, 2019
ဒီတပတ် ဒီဗွီဘီရဲ့ Movie Crazy – DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေ အတွက် ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင် ဇာတ်ကားတွေ ကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။     မူဗီခရေဇီတွေကို ပထမဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ Dark Fantasy Supernatural ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် Hellboy !     ဒီကားကိုတော့ Lionsgate ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ဗြိတိန်ရုပ်ရှင်ဒါရိုက်တာ Neil Marshall က ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။     ဒီရုပ်ရှင်ကားဟာ အမေရိကန် Comics Artist တယောက်ဖြစ်တဲ့ Mike Mignola ရဲ့  နာမည်ကြီး ရုပ်ပြဇာတ်လမ်းဖြစ်တဲ့ Hellboy ကို ရုပ်ရှင်အဖြစ် အသက်သွင်းပုံဖော် လိုက်တဲ့ ဇာတ်ကားတကားဖြစ်ပါတယ်။     Hellboy ဇာတ်ကောင်နဲ့ ၂၀၀၄ ခုနှစ်မှာ ပထမဆုံး ရုပ်ရှင်ရိုက်ကူးခဲ့တာ ဖြစ်ပြီး  နောက်ဆက်တွဲ ဒုတိယရုပ်ရှင် Hellboy II: The Golden Army ကိုတော့ ၂၀၀၈ ခုနှစ်မှာ ရိုက်ကူးခဲ့တာမို့ ခုထွက်လာတဲ့ ရုပ်ရှင်ကားကတော့ တတိယမြောက်ကားအဖြစ် ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။     ဒီကားထဲမှာ အဓိကဇာတ်ကောင် Hellboy အဖြစ် အမေရိကန်သရုပ်ဆောင်မင်း သား David Harbour က ခေါင်းဆောင်ပါဝင်ထားပြီး သူနဲ့အပြိုင် ရက်စက်တဲ့ စုန်းမ ဇာတ်ကောင် Blood Queen နေရာမှာတော့ နာမည်ကြီး အမေရိကန်သရုပ်ဆောင်မင်း သမီး Milla Jovovich တို့က အတွဲညီညီ ခေါင်းဆောင် ပါဝင်ထားကြတာ ဖြစ်ပါတယ်။ စွန့်စားမှုအသားပေး သဘာဝလွန်အက်ရှင် ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော် ဖန်တီးပြီး ထွက်ရှိခဲ့တဲ့ Hellboy ရုပ်ရှင်ကားတွေဟာ Box Office မှာ ၀င်ငွေစံချိန်တင်ရ ရှိခဲ့ပြီး အောင်မြင်ခဲ့တာမို့ ဒီကားကရော Box Office မှာ စံချိန်ချိုးနိုင်မလားဆိုတာက တော့ စောင့်မျှော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေ၊ သွေးထွက်သံယိုမြင်ကွင်း တွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေဟာ အသက် ၁၇ နှစ်အောက် က လေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ် ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် မိနစ် ၁၂၀ ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ အမေရိကန်နိုင်ငံမှာ ဧပြီလ ၁၂ ရက်နေ့က စတင်ပြီး ရုံတင်ပြသမယ်လို့ ကြေငြာထားပါတယ်။     နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ထူးထူးခြားခြား Family Adventure Drama ရုပ်ရှင်ကားတကားဖြစ်တဲ့ Mia and the White Lion !     ဒီကားကိုတော့ ပြင်သစ်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ StudioCanal က တင် ဆက်လိုက်တာဖြစ်ပြီး ဒါရိုက်တာ Gilles de Maistre က ရိုက်ကူးပုံဖော်ပေးထားခဲ့တာ ဖြစ်ပါတယ်။     သိတတ်စ ကလေးအရွယ်မှာ လန်ဒန်ကနေ အာဖရိကကို ပြောင်းရွှေ့လာခဲ့ရတဲ့ မိ သားစုထဲက Mia ဆိုတဲ့ သမီးငယ်လေးဟာ စရောက်ရောက်ချင်းမှာ နေသားမကျပဲ ဖြစ် နေခဲ့ပါတယ်။ ဒီလိုနဲ့ တရက်မှာတော့ ဖခင်ဖြစ်သူ ခရစ္စမတ်မှာ ယူလာခဲ့တဲ့ ခြင်္သေ့ဖြူ ပေါက်စလေးတကောင်ကို ချစ်ခင်သနားမိပြီး သံယောဇဉ်တွယ်လာခဲ့တယ်။ ၃ နှစ် လောက်ကြာပြီး ခြင်္သေ့ပေါက်ကလေးက အရွယ်ရောက်လာချိန်မှာ သမီးဖြစ်သူအတွက် စိုးရိမ်ပြီး မိသားစုက ခွဲပစ်ဖို့ ကြိုးစားချိန်မှာ ဘာတွေဖြစ်လာမလဲ။ သမီးဖြစ်သူရဲ့ ဆန္ဒအ တိုင်းဖြစ်လာဖို့ မိသားစုကရော ဘယ်လိုကြိုးစားကြမလဲစတာတွေကို ဒီရုပ်ရှင်ကားထဲမှာ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။     ဒီရုပ်ရှင်ကားကိုတော့ Lion Whisperer လို့ လူသိများတဲ့ Lion Expert တ ယောက်ဖြစ်တဲ့ Kevin Richardson ရဲ့ အကူအညီတွေကို ယူခဲ့ပြီး သေသေချာချာ အ ချိန်ယူ ပြင်ဆင်ခဲ့ရတယ်လို့ ဆိုပါတယ်။     ဒီကားထဲက အဓိကဇာတ်ကောင် Mia နေရာမှာတော့ ဆယ်ကျော်သက်သရုပ် ဆောင်မင်းသမီး Daniah De Villiers က ခေါင်းဆောင်ပါဝင်ထားပြီး တခြားသရုပ် ဆောင်တွေ ဖြစ်ကြတဲ့ ပြင်သစ်သရုပ်ဆောင်မင်းသမီး Mélanie Laurent ၊ ဗြိတိန်သရုပ် ဆောင်မင်းသား Langley Kirkwood တို့ကလည်း အတွဲညီညီ ပါဝင်ထားခဲ့ကြတာ ဖြစ် ပါတယ်။ ဒီရုပ်ရှင်ကားဟာ IMDb မှာတော့ Rating 6.6 အထိ ရရှိထားတဲ့ ဇာတ်ကားတ ကား ဖြစ်ပါတယ်။     ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေဟာ ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆို ရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါ တယ်။     ကြာမြင့်ချိန် ၉၈ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကို ပြင်သစ်မှာတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ကတည်းက ပြသခဲ့ပြီးဖြစ်ကာ အမေရိကန်မှာတော့ ဧပြီလ ၁၂ ရက်နေ့မှာ စတင်ပြီး ရုံ တင်ပြသသွားမှာ ဖြစ်ပါတယ်။     မူဗီခရေဇီတွေကို နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ဖြစ်ရပ်မှန် သမိုင်းနောက်ခံဒရာမာ ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် Peterloo !     ဒီကားကိုတော့ ဗြိတိန် ရုပ်ရှင်ဒါရိုက်တာ Mike Leigh က ကိုယ်တိုင်ဇာတ်ညွှန်းခွဲ ပြီး ကိုယ်တိုင်ပဲ ပုံဖော်ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။     ဒီရုပ်ရှင်ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ လောက်က ဗြိတိန်နိုင်ငံမှာ ဖြစ်ခဲ့တဲ့ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအကြောင်းကို အခြေတည်ရိုက်ကူးထားခဲ့တာ ဖြစ်ပါ တယ်။ ၁၈၁၉ ခုနှစ်က မန်ချက်စတာမြို့နဲ့ အနီးနားဒေသမှာ လူ ၆ သောင်းလောက်က ဆန္ဒပြခဲ့ကြလို့ အစိုးရက ဖြိုခွင်းခဲ့ရတာ ဖြစ်ပါတယ်။ ဆန္ဒပြသူတွေဟာ စိန့်ပီတာကွင်း ပြင်မှာ မဲပေးခွင့်ရရှိဖို့နဲ့ ပါလီမန်စနစ်ပြုပြင်ပြောင်းလဲမှုအတွက် ဆန္ဒပြခဲ့ကြတာပါ။ ဒီဖြစ် စဉ်မှာ ဆန္ဒပြခေါင်းဆောင်ကို ဖမ်းဆီးဖို့ ကြိုးပမ်းမှု၊ လူ ၁၅ ဦးကို သတ်ဖြတ်ခဲ့မှု၊ လူ ၇၀၀ လောက်ကို ထိခိုက်ဒဏ်ရာရစေမှုတွေနဲ့ အစိုးရရဲတွေကို တရားစွဲဆိုခံခဲ့ရတာဖြစ် ပြီး ဒီရုပ်ရှင်ထဲမှာတော့ ဘယ်လိုပုံဖော်ဖန်တီးထားမလဲဆိုတာတွေကို ပရိသတ်တွေက ခံ စားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။     ဒီကားထဲမှာတော့ ဗြိတိန်သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Rory Kinnear ၊ Maxine Peake ၊ Pearce Quigley စတဲ့ သရုပ်ဆောင်တွေနဲ့ တခြားသရုပ် ဆောင်တွေ ပါဝင်ထားခဲ့ကြတာပါ။     ဒီကားဟာ IMDb မှာတော့ Rating 6.5 အထိ ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ် ပါတယ်။     ဒီကားထဲမှာ ပါဝင်တဲ့ အကြမ်းဖက်ဖြိုခွင်းတိုက်ခိုက်မှုတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေဟာ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မ သင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့် ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။     ဒီကားကို နာမည်ကြီးရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Venice International Film Festival မှာ မနှစ်က ကနဦးပြသခဲ့တာဖြစ်ပြီး အမေရိကန်နိုင်ငံမှာတော့ ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့ကတည်းက ရုံတင်ပြသနေတာ ဖြစ်ပါတယ်။     ဒီတခါ မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ မြန်မာအချစ်ဒရာမာရုပ်ရှင် ကားတကားဖစ်တဲ့ သစ္စာနန်းတော် !     ဒီကားကိုတော့ Red Radiance ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ် ပြီး လွန်းထားထားရဲ့ ၀တ္ထုကို ဒါရိုက်တာ ၀င်းထွန်းထွန်းက ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။     ဒီရုပ်ရှင်ကားထဲမှာတော့ သစ္စာတရားကိုကိုးကွယ်တဲ့ မိန်းကလေး လင်းထင်ထင် အဖြစ် ရွှေမှုံရတီက ပါဝင်ထားပြီး အတိတ်က အရိပ်ဆိုးတခုကြောင့် မမျှော်လင့်ပဲ ကြုံ တွေ့ရတဲ့ အခြေအနေကြောင့် ချစ်သူ ၂ ဦးကြား ဝေခွဲမရနိုင်တဲ့ ပြဿနာတွေ ရင်ဆိုင်ရ သူ ထိန်ငြီးအဖြစ် မြင့်မြတ်တို့က ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ၀ါရင့်သ ရုပ်ဆောင် မင်းသမီး စိုးမြတ်သူဇာကတော့ ပြည့်တန်ဆာ ဒေါ်နှင်းဆီအဖြစ် ပီပီပြင်ပြင် ပါဝင်ထားခဲ့ပြီး သမီးဖြစ်သူ နှင်းဖြူ နေရာမှာတော့ ဆုမြတ်နိုးဦးက သရုပ်ဆောင်ထား ခဲ့တာပါ။     ချစ်သူတွေကြား၊ မိခင်နဲ့ သားသမီးကြား ချစ်ခြင်းမေတ္တာ၊ ကိုယ့်ကျင့်သိက္ခာနဲ့ သစ္စာ တရားတွေအကြောင်းကို ပုံဖော်ဖန်တီးထားတဲ့ ဒီရုပ်ရှင်ကား Trailer ဟာ ဖေ့စ်ဘွတ်ခ် ပေါ်မှာတော့ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ နှစ်သန်းကျော်ရှိနေခဲ့တာ ဖြစ်ပါတယ်။     ဇာတ်ကောင်စရိုက်ကို ပေါ်လွင်အောင် ပီပီပြင်ပြင် ဖော်ကျူးထားတဲ့ ခပ်ကြမ်း ကြမ်း စကားလုံးဒိုင်ယာလော့ခ်တွေဟာလည်း အွန်လိုင်းပေါ်မှာတော့ ရေပန်းစားနေခဲ့ တာ ဖြစ်ပါတယ်။    ဒီကားကိုတော့ လာမယ့် ဧပြီလ ၁၇ ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်တယ်လို့ ကြေငြာထားပါတယ်။ မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ထူး ခြားတဲ့ ဘောလိဝုဒ်ရုပ်ရှင်ကားတကားဖြစ်တဲ့ Kalank ! ရာဇ၀င်သမိုင်းနောက်ခံ အက်ရှင်ဒရာမာအမျိုးအစား ရုပ်ရှင်ပရိသတ်တွေ ကြိုက်နှစ်သက် ကြမယ့် ဒီကားကိုတော့ အိန္ဒိယရုပ်ရှင်ဒါရိုက်တာ Abhishek Varman က ရိုက် ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ၁၉၄၀ ပြည့်လွန်ကာလ၀န်းကျင်၊ အိန္ဒိယ-ပါကစ္စတန် ၂ နိုင်ငံခွဲထွက်ချိန် ပဋိပက္ခ ကာလကို အခြေတည်ရိုက်ကူးထားခဲ့တဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ မတူညီတဲ့ ဘ၀တွေ၊ ကိုးကွယ်ရာ ဘာသာနဲ့  ဆင်းရဲချမ်းသာကွာဟမှုတွေကြားက အချစ်အိမ်ထောင်ရေး ဒရာမာဇာတ်လမ်း တပုဒ်အနေနဲ့ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဘောလိဝုဒ်စတား သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Madhuri Dixit၊ Sonakshi Sinha ၊ Alia Bhatt ၊ Varun Dhawan စတဲ့ သရုပ်ဆောင်တွေက အ တွဲညီညီနဲ့ ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။     ဒီကားကိုတော့ ဧပြီလ ၁၇ ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်တယ်လို့ ကြေငြာထားပါတယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၄၅ နာရီ၊ ၁၀.၄၅ နာရီတွေမှာ DVB TV channel ကနေ ပုံမှန်တင်ဆက်ပေးနေတာဖြစ်ပြီး မကြည့်ရှုလိုက်ရသူတွေ အတွက် ကြာသပတေးနေ့မနက် ၉.၁၅ နာရီ၊ နေ့လည် ၁၂.၄၅ နာရီ၊ ၃.၁၅ နာရီ၊ သောကြာနေ့ နေ့လည် ၂.၄၅ နာရီ၊ စနေနေ့ မနက် ၁၁.၄၅ နာရီနဲ့ တ နင်္လာနေ့မနက် ၉.၄၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပြသပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကားတွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း စောင့်မျှော်အားပေးနိုင်ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024