ဂျပန်ဧကရာဇ်နှင့် မိဖုရားတို့၏ မင်္ဂလာသက်တမ်း နှစ် ၆၀ ပြည့် အခမ်းအနား ကျင်းပ
ဂျပန်ဧကရာဇ် အာကီဟီတိုနဲ့ မိဖုရား မီချီကိုတို့ဟာ မင်္ဂလာသက်တမ်း နှစ် ၆၀ ပြည့် အထိမ်းအမှတ် စိန်ရတု အခမ်းအနားကို ဧပြီ ၁၀ ရက်နေ့က ကျင်းပခဲ့ပါတယ်။
သက်တော် ၈၅ နှစ်ရှိပြီဖြစ်တဲ့ ဧကရာဇ် အာကီဟီတိုဟာ ဧပြီ ၃၀ ရက်နေ့မှာ နန်းစွန့်မှာဖြစ်ပြီး အာကီဟီတိုရဲ့ အရိုက်အရာကို အကြီးဆုံးသားဖြစ်သူ အိမ်ရှေ့စံ နာရူဟီတိုက ဆက်ခံမှာဖြစ်ပါတယ်။
အပြန်အလှန် မေတ္တာသက်ဝင်တဲ့ သူတို့မင်္ဂလာခရီးဟာ အစဉ်အလာလိုက်နာတဲ့ ဧကရာဇ် နန်းတော်ကို ခေတ်မီတိုးတက်စေပါတယ်။
ဒါ့အပြင် လုပ်ငန်းရှင် လူချမ်းသာတဦးရဲ့ သမီးဖြစ်သူ မီချီကိုရဲ့ မျှော်လင့်ချက်တွေ ပိုမိုတောက်ပခဲ့ပါတယ်။
ဂျပန်ဧကရာဇ် အာကီဟီတိုနဲ့ မိဖုရား မီချီကိုတို့ရဲ့ စိန်ရတု အခမ်းအနားကို မိသားစုဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ ဂုဏ်ပြုပွဲ၊ ညစာတည်ခင်းဧည့်ခံပွဲ အပါအဝင် အကျဉ်းချုံး အခမ်းအနားတွေနဲ့ ကျင်းပခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။