အယ်လ်ဂျီးရီးယား အထက်လွှတ်တော်ဥက္ကဋ္ဌ ဘင်ဆာလာကို ကြားဖြတ်သမ္မတအဖြစ် ခန့်အပ်

ဓာတ်ပုံ - Getty Images
2K
အယ်လ်ဂျီးရီးယား အထက်လွှတ်တော်ဥက္ကဋ္ဌ အက်ဘ်ဒယ်ကာဒါ ဘင်ဆာလာကို ကြားဖြတ်သမ္မတအဖြစ် ပါလီမန်က ဧပြီ ၉ ရက်နေ့မှာ ခန့်အပ်လိုက်ပါတယ်။
ဒီလိုခန့်အပ်တာဟာ အယ်လ်ဂျီးရီးယား ဖွဲ့စည်းပုံဥပဒေအရ ဖြစ်ပေမယ့် ဆန္ဒပြသူတွေက သမ္မတဟောင်း ဘူတယ်ဖလီကာရဲ့ ရင်းနှီးသူနဲ့ အတွင်းစည်းထဲကလူဖြစ်တဲ့ ဘင်ဆာလာကို ဆက်လက်ဆန့်ကျင် ဆန္ဒပြခဲ့ပါတယ်။
အဲဒီဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ရေအမြောက်သုံးပြီး လူစုခွဲခဲ့ပါတယ်။
ရာထူးကဆင်းသွားတဲ့ ဘူတယ်ဖလီကာက အသွင်ကူးပြောင်းရေး အစိတ်အပိုင်းအဖြစ် ရက်ပေါင်း ၉၀ အကြာမှာ ရွေးကောက်ပွဲတွေ ကျင်းပသွားမယ်လို့ ကတိပြုခဲ့ပါတယ်။
အယ်လ်ဂျီးရီးယား ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲအသစ် မကျင်းပမချင်း ဘင်ဆာလာဟာ ကြားဖြတ်သမ္မတအဖြစ် ဆက်ရှိနေမယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။