Home
သတင်းဓာတ်ပုံ
မြန်မာ့ဆင် ၄ ကောင်ကို  ဂျပန်တိရစ္ဆာန်ရုံတွင် အများပြည်သူနှင့် မိတ်ဆက်
DVB
·
April 10, 2019
56917741_1124619847738309_2169094171086815232_n
56980841_1124619904404970_1095161903941943296_n
56691449_1124619884404972_8008532282254032896_o
56610395_1124619864404974_6402529759854592000_o
မြန်မာနိုင်ငံက လှူဒါန်းထားတဲ့ ဆင် ၄ ကောင်ကို ဂျပန်ပြည်သူတွေနဲ့ မိတ်ဆက်ပွဲ အခမ်းအနားတရပ်  ဟိုကိုင်းဒိုးခရိုင်၊ ဆာပိုရိုမြို့ရှိ မာရူယာမ တိရစ္ဆာန်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။ မာရူယာမ တိရစ္ဆာန်ရုံမှာ  တိရစ္ဆာန်မျိုးစုံ မျိုးစိတ်ပေါင်း ၁၆၈ မျိုး ပြသထားပေမယ့် ဆင်မျိုးစိတ် ထားရှိနိုင်ခြင်း မရှိတာ  (၁၂) နှစ် ကြာမြင့်ပြီ ဖြစ်လို့ မြန်မာနိုင်ငံက လှူဒါန်းတဲ့ ဆင် ၄ ကောင်ကို ကလေးသူငယ်တွေ အပါအဝင် ဆာပိုရိုမြို့သူမြို့သားတွေနဲ့ ဟိုကိုင်းဒိုးဒေသခံ ပြည်သူ တွေအများအပြား လာရောက် ကြည့်ရှုခဲ့ကြပါတယ်။ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကလည်း ဧပြီလ ၁၀ရက်က မာရူယာမ တိရစ္ဆာန်ရုံကို  မြန်မာ့ ဆင် ၄ ကောင် လှူဒါန်းတာနဲ့ အများပြည်သူထံ မိတ်ဆက်တဲ့ အခမ်းအနားကို တက်ရောက်ခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ မာရူယာမ တိရစ္ဆာန်ရုံဟာ ဆာပိုရိုမြို့ အနောက်ဘက် မာရူယာမ ပန်းခြံအတွင်း တည်ရှိပြီး ၁၉၅၁ ခုနှစ် မေလ ၅ ရက်မှာ  စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံ-MOFA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024