ဖိလစ်ပိုင်မှ ငြိမ်းချမ်းရေး တေးသံ

ဖိလစ်ပိုင်အစိုးရနဲ့ အကြီးဆုံးမွတ်စလင် သူပုန်အဖွဲ့ ဖြစ်တဲ့ မိုရို အစ္စလာမစ် လွတ်မြောက်ရေးတပ်ဦး (MILF) အဖွဲ့တို့ အကြားမှာ ငြိမ်းချမ်းရေးလက်မှတ်ထိုးလိုက်ကြပါပြီ။ သမ္မတအိမ်တော်မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးလက်မှတ်ထိုးပွဲနဲ့အတူ လူ့အသက်ပေါင်း ၁ သိန်း၂ သောင်းလောက် သေဆုံးခဲ့ရတဲ့ နှစ်ပေါင်း ၄၀ ကြာ ပဋိပက္ခကို အဆုံးသတ်နိုင်ဖို့ အချိန်ယူညှိနှိုင်းမှုတွေ လုပ်ဆောင်ရမှာတွေ ရှိနေပါတယ်။ ဖိလစ်ပိုင်မှာ ကက်သလစ် ခရစ်ယာန်ဘာသာကိုးကွယ်သူက အများစုဖြစ်ပါတယ်။ ငြိမ်းချမ်းရေးစာချုပ်အရ မွတ်စလင်တွေ အများစုနေထိုင်တဲ့ တောင်ပိုင်းဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ပြောင်းလဲဖို့ အစီအစဉ်တွေလည်း ပါဝင်ပါတယ်။ မက်ဒိုနာ ဗီရိုလာက မနီလာမြို့ကနေ သတင်းဆောင်းပါးပေးပို့ထားတာကို မယုယမိုးက တင်ပြပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up