Home
မြန်မာသတင်း
နယ်စပ်ရှိ အကြမ်းဖက်အုပ်စုများကို အမြစ်ပြတ်ရှင်းလင်းရန် မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူ
အောင်ကိုကိုလတ် (နေပြည်တော်)
·
April 9, 2019
56870005_807283246312967_523897404936683520_n
56770463_807283252979633_1838285713955618816_o
မြန်မာ -ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်း တလျှောက် လှုပ်ရှားနေတဲ့ အကြမ်းဖက်သမားတွေနဲ့ အကြမ်းဖက်အုပ်စုတွေကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းသွားဖို့ နှစ်နိုင်ငံ သဘောတူခဲ့ပါတယ်။ ဧပြီ ၉ ရက်က နေပြည်တော်မှာ ကျင်းပတဲ့  (၆)ကြိမ်မြောက် မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့တွေအကြား အဆင့်မြင့်အရာရှိကြီးတွေ အစည်းအဝေးမှာ သဘောတူညီခဲ့တာဖြစ်ပါတယ်။ “မြန်မာနိုင်ငံအနေနဲ့ အကြမ်းဖက်မှုအပေါ် လုံးဝသည်းမခံတဲ့ မူဝါဒကို စွဲမြဲခိုင်မာစွာ ကိုင်တွယ်ကျင့်သုံးဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ရှိ နယ်စပ်မျဉ်း တလျှောက်လှုပ်ရှားနေတဲ့ အကြမ်းဖက်သမားတွေနဲ့ အကြမ်းဖက်အုပ်စုတွေကိုအမြစ် ပြတ် သုတ်သင်ရှင်းသွားမည်ဖြစ်ပါတယ်”လို့  အစည်းအဝေးအပြီး ပူးတွဲသတင်းထုတ် ပြန်ချက်မှာ ပါရှိတာပါ။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း နိုင်ငံအတွင်း မည်သည့်အကြမ်းဖက်ဝါဒကိုမဆို လုံးဝသည်းခံမည် မဟုတ်ကြောင်း၊ မည်သည့် အကြမ်းဖက်အုပ်စုမျိုးကိုမဆို အခြားမည်သည့် နိုင်ငံအပေါ် ဆန့်ကျင်တိုက်ခိုက်ရေးအတွက် မိမိနယ်မြေအား အသုံးချခွင့်ပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့တယ်လို့လည်းဆိုပါတယ်။ အစည်းအဝေးအပြီးမှာတော့ သဘောတူညီချက် ၁၁ ချက်ကို နှစ်နိုင်ငံ တာဝန်ရှိသူတွေ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ အဲ့ဒီ သဘောတူညီချက်တွေထဲမှာ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအတွက် သတင်းအချက် အလက်မျှဝေနိုင်ဖို့၊ တရားမ၀င်နယ်စပ်ဖြတ်ကျော်မှုတွေ တားဆီးနိုင်ဖို့နဲ့ ပြည်တွင်းဥပဒေတွေနဲ့ အညီကျခံနေရတဲ့ အကျဉ်းသားတွေကို ပြစ်ဒဏ်ကာလပြီးဆုံးရင် နိုင်ငံကို ပြန်လွှဲပြောင်းပေးအပ်ဖို့ စတာတွေလည်း ပါရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024