DVB Logo
Home
မြန်မာသတင်း
ကေအိုင်အေနှင့် ဆက်စပ်ဖမ်းဆီးခံရသူကို စွဲချက်တင်
DVB
·
October 22, 2012
ကေအိုင်အေနှင့် ဆက်စပ်ဖမ်းဆီးခံရသူကို စွဲချက်တင်
1 / 3
Donate to DVB

ကချင်စစ်ပြေးဒုက္ခသည်စခန်းကနေ ဖမ်းဆီးပြီး တရားစွဲခံနေရတဲ့ ကချင်အမျိုးသား ဦးလထော် ဘရန်ရှောင်ကို ဒီနေ့ မြစ်ကြီးနား တရားရုံးမှာ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ ပတ်သက်တယ်ဆိုပြီး စွဲချက်တင်လိုက်ပါတယ်။

ပုဒ်မ ၁၇ (၁) မတရားအသင်း ဆက်သွယ်မှုပုဒ်မနဲ့ ဒီနေ့  ရုံးချိန်းမှာ စွဲချက်တင်လိုက်တာလို့ ဦးလထော်ဘရန်ရှောင်ရဲ့ ရှေ့နေ ဦးမာခါးက ပြောပါတယ်။

[caption id="attachment_32191" align="alignleft" width="300" caption="ဦးလ ထော်ဘရန် ရှောင်ကို ဖမ်းဆီးခဲ့ စဉ်က (ဓာတ်ပုံ-Lachid Kachin)"][/caption]

“စွဲချက်တင်လိုက်ပြီဆိုတော့ စွပ်စွဲခံရတဲ့ဘက်ကနေ ဆက်လက်ထုချေဖို့ရှိတာပေါ့။ တရားရုံးကနေ စွဲချက်တင်လိုက်တာကို ကျနော့်အနေနဲ့ကတော့ ကျေနပ်မှုမရှိပါဘူး။ သာမန်လူတယောက်ကို အလကားနေရင်း ဖမ်းဆီးထားတာ ၄ လကျော်နေပြီ။ ထပ်ပြီးတော့ စွဲချက်တင်ရင်တော့ ဒီထက်အချိန်ကြာဦးမှာပေါ့။ တရားလိုဘက်က အကွက်ကျကျ သူတို့ မတရားလုပ်ထားတာရှိတယ်။ တကယ်လို့ လထော်ဘရောင်ရှောင်ဟာ ထောင်ကျခဲ့ရင် ဒါဆိုရင် တရားမျှတမှု အရမ်းကင်းမဲ့တဲ့ အခြေအနေ ဖြစ်သွားပြီ။ အပြစ်ရှိတဲ့လူ ထောင်ကျရင်ကျမယ်လေ။ အပြစ်မဲ့တဲ့သူ ထောင်ကျလို့မရဘူးလေ။”

ကချင်ပြည်နယ်တိုက်ပွဲတွေကြောင့် မြစ်ကြီးနားမြို့က ဆွေမျိုးအိမ်မှာ လာရောက်ခိုလှုံတဲ့ ဦးလထော် ဘရန်ရှောင်ဟာ ဂျန်မိုင်ကောင်း နှစ်ခြင်းအသင်းတော် စစ်ရှောင် စခန်းမှာရောက်ရှိနေစဉ်  ပြီးခဲ့တဲ့ဇွန်လက အာဏာပိုင်တွေက မတရားအသင်း ဆက်သွယ်မှုနဲ့ ဖမ်းဆီးတရားစွဲထားတာပါ။

ဦးလထော်ဘရန်ရှောင်ကို  စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့က စစ်ဆေးစဉ်မှာ နှိပ်စက်လို့ ဒဏ်ရာတွေရခဲ့သလို စိတ်ကျန်းမာရေး ထိခိုက်ခဲ့ရပေမယ့် ဒီနေ့တရားခွင်မှာတော့ ပုံမှန် အခြေအနေမှာ ရှိနေတယ်လို့ ရှေ့နေ ဦးမာခါးက ပြောပါတယ်။

ဦးလထော်ဘရန်ရှောင်ကို လက်ရှိ မြစ်ကြီးနားထောင်မှာ ထိန်းသိမ်းထားပြီး လာမယ့် အောက်တိုဘာ ၂၉ ရက်နေ့မှာ အမှုကို ဆက်လက်စစ်ဆေးဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013