DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့နှင့် ကေအိုင်အို လိုင်ဇာတွင် ဆွေးနွေး
DVB
·
October 22, 2012
ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့နှင့် ကေအိုင်အို လိုင်ဇာတွင် ဆွေးနွေး
Donate to DVB

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား   ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်ဖို့ ကြားဝင် ဆောင်ရွက်ပေးနေတဲ့ အကျိုးတော်ဆောင် အဖွဲ့ဝင် ၂ ဦးဟာ အစိုးရနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) တို့ ထပ်မံဆွေးနွေးဖို့ ရက်သတ်မှတ်ရေးအတွက် ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာမှာ ဒီနေ့ ဆွေးနွေးနေပါတယ်။

အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ကေအိုင်အိုတို့အကြား ငြိမ်းချမ်းရေးဆွေးနွေး ပွဲတွေ နောက် တကြိမ်ပြန် မစနိုင်သေးဘဲ တိုက်ပွဲတွေဆက်ဖြစ်နေချိန်မှာ အကျိုးဆောင်တွေက ဆွေးနွေးပွဲတွေပြန် စနိုင်ဖို့ သွားရောက် ကြိုးပမ်းနေကြတာပါ။

[caption id="attachment_25692" align="alignleft" width="300" caption="ဦး​အောင်​သောင်း​ ဦး​ဆောင်သည့်​ ငြိမ်း​ချမ်း​ရေး​အဖွဲ့​နှင့်​ ပြီး​ခဲ့​တဲ့​ မတ်လအတွင်း​ ​ဆွေး​နွေး​ခဲ့​စဉ်က"][/caption]

နှစ်ဖက်စလုံးက ရွှေလီမှာ ဆွေးနွေးဖို့ အကြမ်းဖျင်း သဘောတူထားပေမယ့် အခုချိန်ထိ ဆွေးနွေးပွဲ ရက်သတ်မှတ်ခြင်း မရှိသေးတဲ့အတွက်  ရက်သတ်မှတ်ဖို့ သွားရောက်ဆွေးနွေးတာ လို့ ငြိမ်းချမ်းရေးအကျိုးဆောင်တဦးဖြစ်တဲ့ ဦးဆန့်အောင်က ပြောပါတယ်။

“လိုင်ဇာကို ဦးလမိုင်ခွန်ဂျာနဲ့ ဦးခွန်အောင် ၄ ယောက်ထဲက ၂ ယောက်သွားပါတယ်။ ၂ ယောက် ဒီမှာကျန်ခဲ့ပါတယ်။ ရက်လာညှိတာပါ။ နေရာတော့ မဟုတ်သေးပါဘူး။ ရက်ဘယ်တော့လောက်ဖြစ်မလဲဆိုတာ လာညှိတာ။”

အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့က  ကေအိုင်အိုအဖွဲ့ထံကို အောက်တိုဘာ ၁၀ ရက်နေ့ နေ့စွဲနဲ့စာပို့ကာ ရွှေလီနဲ့ မူဆယ်မှာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ ပါတယ်။ အောက်တိုဘာ ၁၁ ရက်နေ့မှာတော့ ကေအိုင်အိုက စာလက်ခံရရှိကြောင်း အကြောင်းပြန်ခဲ့ပြီး  ဆွေးနွေးပွဲအတွက် တစုံတရာ ပြန်ကြားခဲ့ခြင်း မရှိသေးဘူးလို့   ငြိမ်းချမ်းရေး အကျိုးတော်ဆောင် တဦးက ပြောပါတယ်။

၂၅ ရက်နေ့မှာ ကချင်လွတ်လပ်ရေး တပ်မတော်ရဲ့ နှစ်ပတ်လည် အခမ်းအနားရှိပြီး အခမ်းအနားပြီးမှ ဆွေးနွေးပွဲကို စတင်နိုင်မယ်လို့ မျှော်လင့်နေတယ်လို့လည်း သူက ပြောပါတယ်။

ကေအိုင်အိုနဲ့ ဦးအောင်သောင်းခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ပြီးခဲ့တဲ့ မတ်လက ရွှေလီမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ လုပ်ခဲ့ပြီး ကတည်းက ဆွေးနွေးပွဲတွေ ရှေ့မဆက်နိုင်ပဲ ရှိနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013