Home
သတင်းဓာတ်ပုံ
အမြန်လမ်းယာဉ်အန္တရာယ်ကင်းရှင်းရေး အဆိုတော်ဇော်ပိုင်နှင့် နီနီခင်ဇော် ၀ိုင်းဝန်းကူညီ
DVB
·
April 9, 2019
56997538_401957560650791_1664936066475360256_n
56393119_401957577317456_8272208746986340352_n
56599840_401957590650788_8175539714737045504_n
အမြန်လမ်းမကြီးပေါ်မှာ ယာဉ်အန္တရာယ်ကင်းရှင်းရေးဆောင်ရွက်နေတဲ့  အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့ လူငယ်တွေကို အဆိုတော် ဇော်ပိုင်နဲ့ နီနီခင်ဇော်တို့က လာရောက်ပါဝင် အားပေးကူညီပေးခဲ့တယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးက  သတင်းထုတ်ပြန်ပါတယ်။ အမြန်လမ်းကြီးပေါ်မှာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက်  ဧပြီ ၈ ရက်မနက်က အမှတ်(၃) လမ်းဆုံမှာ ခရီးသွား ပြည်သူတွေရဲ့ ယာဉ်တွေကို ကားတာယာ ကြံ့ခိုင်ရေး အခမဲ့ စစ်ဆေးဆောင်ရွက်ပေးခဲ့တယ်လို့ လည်းသိရပါတယ်။ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် မောင်းနှင်မယ့် ခရီးသည်ယာဉ်တွေ လိုက်နာရမယ့်  စည်းကမ်းချက် ၂၀ ကို အမြန်လမ်း ပူးပေါင်း စစ်ဆေးရေးအဖွဲ့က ထုတ်ပြန်ထားပြီး မလိုက်နာရင် ဧပြီ ၈ ရက်ကစပြီး အမြန်လမ်းပေါ် မောင်းနှင်ခွင့်မရှိဘူးလို့ လည်း ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။ စည်းကမ်းချက်တွေထဲမှာ ခရီးသည်တင် အမြန်ယာဉ်တွေ၊ မီနီဘတ်စ်တွေ၊ ဘုရားဖူးယာဉ်တွေအနေနဲ့ အရေးပေါ်ထွက်ပေါက် အသုံးပြုနိုင်အောင်ထားရှိဖို့၊ မီးသတ်ဆေးဘူး ၂ ဘူးတပ်ဆင်ဖို့၊ ယာဉ်မောင်းနဲ့ ခရီးသည်တွေအားလုံး ခါးပတ်တပ်ဆင်ဖို့  စတာတွေ ပါဝင်ပါတယ်။ ဓာတ်ပုံ-အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024