DVB Logo
Home
မြန်မာသတင်း
ပုဂံယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းပေးရေး ဆန္ဒပြ
DVB
·
October 22, 2012
ပုဂံယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းပေးရေး ဆန္ဒပြ
1 / 4
Donate to DVB

ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေကို စနစ်တကျထိန်းသိမ်းပေးဖို့နဲ့ စေတီပုထိုးတွေ အကြားက အဆောက်အဦ၊ ဆိုင်ခန်းနဲ့ စားသောက်ဆိုင်တွေကို သတ်မှတ်ဇုန် အတွင်း ပြောင်းရွှေ့ပေးဖို့  မြို့ခံတွေက ဒီနေ့ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဒီနေ့ နံနက် ၉ နာရီမှာ ပုဂံမြို့သစ် ခရေလမ်းမကနေ စတင်ချီတက် ဆန္ဒပြခဲ့ တာဖြစ်ပြီး မြင်းကပါမြောက်ဘက် အနော်ရထာလမ်းနဲ့ အာနန္ဒာဘုရား လမ်းဆုံမှာ ပြီးဆုံး သွားခဲ့ပါတယ်။

၁ နာရီကျော်ကြာတဲ့ ဒီဆန္ဒဖော်ထုတ်မှုမှာ ဆန္ဒပြသူအင်အား ၁၀၀ နဲ့ ဘေးက လိုက်ပါ ၀န်းရံသူ မြို့ခံ ၄၀၀ ကျော်ရှိခဲ့ပါတယ်။

ပုဂံမြို့သူမြို့သားတွေအနေနဲ့ တောင်းဆိုချက် ၁၄ ချက်ကို ဆိုင်းဘုတ် ရေးသားကိုင်ဆောင်ပြီး လှည့်လည်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

[caption id="attachment_32180" align="alignleft" width="300" caption="မခင်မို့မို့အောင်"][/caption]

ဆန္ဒဖော်ထုတ်သူ မြို့ခံ မခင်မို့မို့အောင်က “ကျမက ပုဂံသူဖြစ်တယ်။ ကျမတို့ ပုဂံမြို့ဆိုတာက အရင်ကတည်းက ရှေးဟောင်းသမိုင်းဝင် မြို့တမြို့ဖြစ်တယ်။ ကမ္ဘာလှည့်ခရီးသည်တွေ လာကြတယ်ဆိုတာက ရှေးဟောင်းအမွေအနှစ်တွေ ကြည့်ချင်လို့ လာကြတာ ဖြစ်တယ်။ ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံတွေကြားထဲမှာ ရှေးဟောင်းနဲ့ မသင့်လျော်တဲ့ အဆောက်အအုံတွေ ဆောက်လာတာကို ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြခြင်းဖြစ်တယ်။ ကမ္ဘာလှည့် ခရီးသည်တွေကို ကျမတို့ရဲ့ ပုဂံက ရှေးဟောင်းအမွေအနှစ် စစ်စစ်တွေကို မြင်တွေ့စေချင်တဲ့ဆန္ဒနဲ့ ကျမတို့ ပုဂံချစ်တဲ့ စိတ်ဓာတ်တခုတည်းနဲ့၊ ကာကွယ်လိုတဲ့ စိတ်ဓာတ်နဲ့ ဆန္ဒပြရခြင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒီဆန္ဒဖော်ထုတ်မှုကို တရားဝင်ခွင့်ပြုချက်နဲ့ လုပ်ခဲ့တာဖြစ်ပြီး အကန့်အသတ် များလွန်းတယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။

[caption id="attachment_32181" align="alignright" width="300" caption="ကိုမင်းနိုင်အောင်"][/caption]

ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ ကိုမင်းနိုင်အောင်က “အင်အား ၅၀၀ ကျော်နဲ့ အချိန်  ၃ နာရီဆိုပြီး စာတင်ခဲ့တယ်။ ခွင့်ပြုချက်ရတာကတော့ လူဦးရေ ၁၀၀ ကျော်နဲ့ ၁ နာရီခွင့်ပြုချက်ရတယ်။ ဒါတွေက လုံးဝ တရားမျှတမှုမရှိဘူး။ ကျနော်တို့ စာတင်တုန်းက ပုဂံမြို့သစ်ကနေပြီး ညောင်ဦးမြို့သစ်ထိ တင်ထားတယ်။ ဒါပေမယ့် ဒေသန္တရ အမိန့်အရဆိုပြီး ကန့်သတ်လိုက်တယ်။ ကျနော်တို့ ပြမယ့်လမ်းကြောင်းနဲ့ဆို ဘယ်လိုမှ မညီဘူး” လို့ ပြောပါတယ်။

တာဝန်ရှိသူတွေအနေနဲ့ သူတို့ရဲ့ တောင်းဆိုမှုတွေကို အလေးမထားဘူးဆိုရင် ဆက်လက် ဆန္ဒထုတ်ဖော်သွားမယ်လို့လည်း ဆိုပါတယ်။

လုံခြုံရေး တာဝန်ကျ ရဲအရာရှိတဦးက “စီတန်းလှည့်လှည် ခွင့်ပြုမိန့်ပေးတာက မြို့နယ်ရဲတပ်ဖွဲ့မှူးရဲ့ တာဝန်ဖြစ်ပါတယ်။ ကျနော့်အနေနဲ့ အေးအေးချမ်းချမ်းပြီးသွားရင်တော့ ကောင်းပါတယ်” လို့ ပြောပါတယ်။

ပုဂံရှေးဟောင်း အသိအမှတ်ပြု စေတီ၊ ပုထိုး၊ သိမ်၊ ကျောင်း၊ ဇရပ် နဲ့ ရေတွင်း ရေကန် အနီး ပေ ၁၀၀ အကွာအဝေးမှာ အဆောင်အဦ ဆောက်လုပ်ခွင့်မပြုအမိန့်ကို ရှေးဟောင်းသုတေသနဌာနက ၁၉၉၀ မှာ ထုတ်ပြန်ပြီး ဆိုင်းဘုတ်ထောင် သတိပေးတားမြစ်ခဲ့သလို မြို့ခံတွေကိုလည်း မြို့ဟောင်းကနေ မြို့သစ်ကို အဓမ္မပြောင်းရွှေ့ခိုင်းခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါပေမယ့် အခုအချိန် ပုဂံယဉ်ကျေးမှုကန့်သတ်နယ်မြေအတွင်း လူနေအိမ်တွေ၊ စားသောက်ဆိုင်တွေနဲ့ ဟိုတယ်တွေဆောက်လုပ်နေမှုတွေ ရှိနေတဲ့အပေါ် မြို့ခံတွေက အခုလို ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိ ရှေးဟောင်းယဉ်ကျေးမှုကန့်သတ်နယ်မြေအတွင်း Adventure နဲ့ အသောက ဟိုတယ်တွေ ဆောက်လုပ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013