Home
မြန်မာသတင်း
ဖမ်းဆီးခံ ABSDF မြောက်ပိုင်း ဒု ဥက္ကဋ္ဌအမှု သင်္ကြန်မတိုင်ခင် အပြီးသတ်အမိန့်ချမည်
DVB
·
April 8, 2019
မတရားသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ ဖမ်းဆီးထားရတဲ့ ABSDF မြောက်ပိုင်း ဒုဥက္ကဋ္ဌ ကိုအောင်ဆွေဦးအပါအဝင် ၃ ယောက်ကို ဧပြီ ၈ ရက်က ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တရားရုံးမှာ  ၁၇ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးပါတယ်။ ဒီနေ့ရုံးချိန်းမှာ မြို့နယ်ဥပဒေအရာရှိ ဦးငြိမ်းချမ်းနဲ့ ABSDF အကျိုးဆောင်ရှေ့နေ ဦးတင်လှိုင်တို့က ၂ ဖက် လျှောက်လဲချက်တင်ခဲ့ကြပါတယ်။ သင်္ကြန်မရောက်ခင် ဧပြီ ၁၁ ရက်မှာ အပြီးသတ်အမိန့်ချမှာဖြစ်ပြီး အခြေအနေမဆိုးဘူးလို့ ယူဆပေမယ့် ဒီဂရီမချခင်တိတိကျကျမပြောနိုင်သေးဘူးလို့ အကျိုးဆောင် ရှေ့နေဦးတင်လှိုင်က ပြောပါတယ်။ ABSDF ဒုဥက္ကဋ္ဌ အပါအ၀င်  ၃ ဦးကို မိုးညှင်းမြို့နေ ရဲဘော်တဦးရဲ့ နေရေးကိစ္စနဲ့ လာရောက်စဉ် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃၀ ရက် ညမှာ ဖမ်းဆီးခံရပြီး မတရားသင်းဆက်သွယ်မှုနဲ့ တရားဆွဲခဲ့တာပါ။ ဒီနေ့ရုံးချိန်းကို ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌနဲ့  အဝေးရောက် ABSDF ကျောင်းသားဟောင်းတွေအပြင် မြို့ပေါ်က စိတ်ဝင်စားသူတွေ လာရောက် ဝန်းရံခဲ့ကြပါတယ်။ သတင်း- မုန်းမုန်းမင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024