အက်သလက်တီကိုမက်ဒရစ်တွင် ဆက်နေရန် ဆုံးဖြတ်သည့် ဂရစ်ဇ်မန်း လှောင်ပြောင်ခံရ

ဘာစီလိုနာအသင်းကို ပြောင်းရွှေ့လာဖို့ အနီးစပ်ဆုံး အခြေအနေမှာ ရှိခဲ့ပေမယ့် အသင်းဟောင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ်အသင်း တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ ဝိုင်းဝန်းလှောင်ပြောင်ခံနေရတယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ ဂရစ်ဇ်မန်းကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးပမ်းခဲ့ပြီး ကစားသမားဘက်ကလည်း စိတ်ဝင်စားမှု ပြသခဲ့ပေမယ့် တကယ်တမ်းမှာတော့ တီကိုအသင်းနဲ့သာ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးခဲ့ပါတယ်။ ဒါကြောင့် ဘာစီလိုနာအသင်း ပရိသတ်တွေရဲ့ အငြိုးထား အော်ဟစ်လှောင်ပြောင်တာ ခံနေရတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းက အက်သလက်တီကိုကို ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဂရစ်ဇ်မန်းရဲ့ ဘောလုံးထိချက်တိုင်း အော်ဟစ်ခဲ့ပြီး နူးကမ့်ကွင်းထဲကနေ ထွက်သွားဖို့အတွက် အော်ဟစ်ခဲ့ကြတာ ဖြစ်ပါတယ်။

More News
Up