Home
မြန်မာသတင်း
လသားအရွယ် ကလေးငယ်ကို စွန့်ပစ်ခဲ့သူအား လွိုင်ကော်ရဲစခန်း အမှုဖွင့်
နော်နိုရင်း
·
April 8, 2019
လသားအရွယ်ကလေးငယ်ကို စွန့်ပစ်မှုနဲ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့ မင်းစုရပ်ကွက် အုပ်စု ၉ မှာနေထိုင်တဲ့ မခင်သန်းဝင်းကို လွိုင်ကော်မြို့မ ရဲစခန်းက အမှုဖွင့် အရေးယူထားပါတယ်။ သူ့ကို ရာဇသတ်ကြီးပုဒ်မ ၃၁၈ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ လွိုင်ကော်မြို့မ ရဲစခန်းမှူး ဒုရဲမှူး ဇော်မိုးဦးက ပြောပါတယ်။    “အခုလောလောဆယ်ကျနော်တို့ သူတို့ကို ၃၁၈ နဲ့ အမှုဖွင့်ထားတယ်ဗျာ။ ၃၁၈ ဆိုတာ ကလေးအလောင်းကို တိတ်တဆိတ်ဖျောက်ဖျက်ခြင်းဖြင့်၊ မွေးဖွားသူကို ထိန်ချန်ခြင်းဆိုတာနဲ့ ကျနော်တို့ ဖွင့်ထားတယ်။ ကောင်မလေးကလည်း ဦးနှောက်မမှန်ဘူးလို့ပြောတယ်။ ကျနော်တို့ သူ့ကို မဖမ်းသေးဘူးဗျာ။ အခုစစ်တုန်း ရှိသေးတယ်။” လွိုင်ကော်မြို့ မင်းစုရပ်ကွက် အုပ်စု (၉)  သီဟလမ်းနဲ့ ဆရာစံလမ်းထောင့်ရှိ အမှိုက်ပုံမှာ လသားကလေးအလောင်း ၁ လောင်း စွန့်ပစ်ထားခဲ့တာကို ဧပြီလ ၇ ရက်က ဒေသခံတွေက တဆင့် ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာပါ။ ရဲစခန်းက သွားရောက်စစ်ဆေးရာမှာ အဆိုပါ လသား ယောက်ျားလေးအလောင်းဟာ ဒဏ်ရာ တစုံတရာမရှိဘဲ အနှီးအဖြူနဲ့ ပတ်လျက် သေဆုံးနေတာဖြစ်ပါတယ်။    အဆိုပါကလေးဟာ မင်းစုရပ်ကွက်နေ မခင်သန်းဝင်း(ခ) ရိုမေရီရဲ့ ကလေးဖြစ်ကြောင်း ဘေးပတ်ဝန်းကျင်က ကလေးငိုသံမကြားရတော့တဲ့အတွက် ဒီကလေးဟာ မခင်သန်းဦးရဲ့ ကလေးဖြစ်ကြောင်း ပြောဆိုချက်အရ အမှုဖွင့်ထားတာလို့ ဒုရဲမှူးဇော်မိုးဦးက ပြောပါတယ်။    ဧပြီလ ၃ ရက်နေ့ကလည်း လွိုင်ကော်မြို့ရှိ  သိရိမင်္ဂလာတံတားအောက်မှာ စွန့်ပစ်ထားတဲ့ မွေးကင်းစကလေးငယ်ရဲ့ အလောင်း တလောင်း တွေ့ရှိခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024